Wednesday, August 28, 2013

တောင်ကြီး ခမ်းခုံးရွှေဆိုင် ရွှေ ၅၀ သား ခိုးယူခံရမှု တရားခံများ၏ ခန့်မှန်းရုပ်ပုံများ ထုတ်ပြန်

0 comments
28.8.2013

တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်း ဈေးပိုင်းရပ်ကွက် မြို့မဈေး တောင်ဘက်ပေါက် မြေညီထပ် အခန်းအ မှတ် ၃ တွင် ဖွင့်လှစ်ထားသည့် ခမ်းခုံးရွှေဆိုင်တွင် ငွေကျပ်တန်ဖိုး သိန်း ၃၄၀ တန်ဖိုးရှိ ရွှေ ၅၀ ကျပ်သား အခိုးခံရခြင်းအတွက် တောင်ကြီး မြို့မရဲစခန်းက သံသယရှိသူ နှစ်ဦး၏ ခန့်မှန်းရုပ်ပုံကို သြဂုတ်လ၂၇ ရက် က ထုတ်ပြန်လိုက်သည်။

သံသယရှိသူ နှစ်ဦး၏ပုံကို ပန်းချီဆွဲ ပုံစံထုတ်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ထားရာ အသက် ၅၀ ၀န်းကျင် အရပ် ၅ ပေ၊ ၃ လက်မရှိ ခန္ဓာကိုယ်ပိန်သည့် အမျိုးသားဟု ဖေါ်ပြထားသည်။ အခြား တစ်ဦးမှာ အမျိုးသမီးဖြစ်ကာ ခမ်းခုံးရွှေဆိုင်တွင် ရွှေဝယ်ယူစဉ်က ပေးထားသည့် အမည်ဖြစ်သော မနီနီဝင်းဟု ဖေါ်ပြထားပြီး အသက် ၄၀ ကျော်ခန့် ရှိပြီး အနည်းငယ် ၀သည်ဟု ဖေါ်ပြထားသည်။

သြဂုတ်လ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရွှေဆိုင်ပိုင်ရှင်နှစ်ဦး ဆိုင်ခင်းကျင်းစဉ် ဆိုင်အတွင်း ထမင်းစားပွဲပေါ်တွင် ကော်ဘူးအတွင်း ထည့်ကာ တင်ထားသည့် အရွယ်မျိုးစုံနှင့် ပုံသဏ္ဍာန်မျိုးစုံ ပါဝင်သည့် ရွှေလက်စွပ်အကွင်း ၅၀ အလေးချိန် ၅၀ ကျပ်သားခန့် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ရွှေခိုးယူခံရမှုနှင့် ပတ်သက်၍ တောင်ကြီး မြို့မရဲစခန်း က (ပ)/၂၂၆ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here