သြဂုတ်လ(၇)ရက်
ကိုယိုတာကားကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်သည့် ဟိုက်ဘရစ်ကားအသစ် ကိုရိုလာကို ဩဂုတ် ၆ရက်က သတင်းစာဆရာများ တိုကျိုမြို့တွင် စစ်ဆေးကြည့်ရှုနေကြစဉ်။ ထိုကားသည် ယခုအခါ အရောင်းရဆုံးဖြစ်လာနေပြီး ၁.၅လီတာ ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ် မော်တာတစ်လုံးတို့ကို တွဲဖက်တည်ဆောက်ထားသော ဟိုက်ဘရစ်ကားဖြစ်သည်။ ဓာတ်ဆီတစ်လီတာလျှင် ၃၃ကီလိုမီတာ(တစ်ဂါလန်လျှင် ၉၃မိုင်) အထိသွားနိုင်အောင် ဆီစားသက်သာသည်ဟုသိရသည်။ ကားတန်ဖိုးမှာ ဂျပန်ယန်းငွေ၂သန်း (မြန်မာငွေ ကျပ်သိန်း ၂၀ဝခန့်)ရှိ သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ
Yangon Media Group