Tuesday, August 6, 2013

လက်ပံတောင်းမှာ ရွာတရွာကို လုံထိန်းတွေ ၀င်ရောက်စီးနင်း

0 comments

သြဂုတ်လ(၆)


လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက ပုဒ်မ ၁၄၄ အထုတ်ခံထားရတဲ့ ဇီးတောကျေးရွာကို ယနေ့ နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

အဲဒီလို စီးနင်းရာမှာ လုံထိန်းတပ်ဖွဲ့ဝင်တွေဟာ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ကြသလို ရွာသားတွေကိုလည်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ရွာသား ၂ ဦးကတော့ လက်ထိပ် တန်းလန်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွာထဲ ၀င်ရောက်စီးနင်းချိန်မှာ ဒေသခံတွေကို ကူညီနေတဲ့ ကျောင်းသားတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ကြောင်းလည်း အဆိုပါ ဒေသခံက ပြောပါတယ်။

ဒါကြောင့် အနီးရှိ ဆည်တည်း၊ မိုးကြိုပြင်၊ တုံရွာတို့ကလည်း လုံထိန်းတွေ ၀င်ရောက်စီးနင်းတာ မခံရစေဖို့ ရရာလက်နက်စွဲကိုင်ပြီး ကာကွယ်ဖို့ အဆင်သင့်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာကို လာမယ့်နေ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲခဲ့လို့ သံဃာတော်တွေနဲ့ ဒေသခံတချို့ မီးလောင်ဒဏ်ရာတွေ သင့်ခဲ့ကြပါသေးတယ်။

ဒီနေ့လည်း ရှစ်လေးလုံး ငွေရတုအခမ်းအနား စတင်ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင်နေပါတယ်။

ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းလည်း နောက်ပိုင်းမှာ ရွာသားတွေက သာသနာ့မြေကို ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့ လက်ပံတောင်းအရေး ကူညီပေးနေသူ ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုဝေဠုက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း အသိပေး ထားပါတယ်။

လက်ပံတောင်းဆိုတာ ဖိရင်ကြွမယ်ဆိုတဲ့ သခင်စိတ်နဲ့ အစီးနင်းခံရတဲ့ ဇီးတော ဘုန်းတော်ကြီးကျောင်းကို ပြန်သိမ်းလိုက်နိင်ပါပြီ။ ဒီင်္လို ညကြီးသန်းခေါင် မီးမှောင်မှောင်မှာ ရွာသားအင်အား (၅၀၀) ခန့်က သာသနာ့မြေကို သံဃာတွေအတွက် ပြန်ပေးလိုက်နိင်ပြီ။
ဘာတွေ ဆက်ဖြစ်လာအုန်းမည်နည်း . . . မည်သူတွေ ထိန်းညှိုနိင်ကြမည်နည်း . . .

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here