သြဂုတ်လ(၅)ရက်
ပြည်လမ်းတွင် ဖွင့်လှစ်ထားသည့် Nissan 3S စင်တာကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် Nissan အမှတ်တံဆိပ် ကားများကို တရားဝင် ဖြန့်ချိတင်သွင်းခွင့် ကိုယ်စားလှယ်အား United Diamond Motor ကုမ္ပဏီမှ ရရှိခဲ့ပြီး အဆိုပါ ကုမ္ပဏီအနေဖြင့် ကားများတင်သွင်း ရောင်းချရာတွင် လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျငွေချေ စနစ်များဖြင့်လည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Nissan အမှတ်တံဆိပ်ကားများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် မလေးရှားအခြေစိုက် Tan Chong Group အနေဖြင့် အစုရှယ်ယာ ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်သည့် E-garage အမည်ဖြင့် ကားဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချသည့် စင်တာကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ဖွင့်လှစ်ခဲ့ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဖြန့် ကိုယ်စားလှယ် ခန့်အပ်ခြင်းကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"အခု တရားဝင် ဖြန့်ချိခွင့် ကိုယ်စားလှယ်ကို ကျွန်တော်တို့ ကုမ္ပဏီက ရရှိခဲ့ပါတယ်။ လောလောဆယ်တော့ အမှတ် ၄၃၃ ပြည်လမ်းမှာ ကားတွေပြသ ထားပါတယ်။ ကားဝယ်ယူချင်တဲ့သူတွေ အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီကို ဆက်သွယ်ပြီး လိုချင်တဲ့ကားကို မှာယူနိုင်ပါတယ်။ မှာယူတဲ့ကားရဲ့ တန်ဖိုးကိုလည်း လက်ငင်းငွေချေတဲ့ စနစ်အပြင် အရစ်ကျငွေပေးသွင်းနိုင်တဲ့ စနစ်တွေနဲ့ ၀န်ဆောင်မှု ပေးသွားမှာပါ" ဟု United Diamond Motor ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ထို့နောက် ၎င်းကပင် "Nissan ကားချည်းပဲ သီးသန့်အနေနဲ့ Showroom ဖွင့်ဖို့တော့ မရှိသေးပါဘူး။ ဒါပေမဲ့ အစိုးရက ကားသစ်ရောင်းဝယ်တဲ့ ပေါ်လစီ ချပြီးတဲ့အခါ ကားရောင်းတာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
မလေးရှားအခြေစိုက် Tan Chong Group အနေဖြင့် အရှေ့တောင်အာရှ ဒေသတွင် ဂျပန်နိုင်ငံရှိ Nissan အုပ်စုနှင့် အဓိကချိတ်ဆက် လုပ်ကိုင်နေပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင်ကားဝန်ဆောင်မှုစင်တာများ၊ ရောင်းချရေးစင်တာများနှင့် မော်တော်ယာဉ်တပ်
ဆင် ထုတ်လုပ်ရေး စက်ရုံများ
တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အရောင်းပြခန်း၊ ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ (3S စင်တာ) ဖွင့်လှစ်နိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာကြောင်း သိရသည်။
EMG
ထို့ပြင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အရောင်းပြခန်း၊ ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ (3S စင်တာ) ဖွင့်လှစ်နိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာကြောင်း သိရသည်။
EMG