Monday, August 19, 2013

UWSA (၀)အဖွဲ့မှ မိုင်းဖျန်မြို့နယ်တွင် တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများအား ပြန်လည် ခေါ်ဆောင်မှုများရှိနေ

0 comments

သြဂုတ်လ(၁၉)ရက်
Photo: UWSA (၀)အဖွဲ့မှ မိုင်းဖျန်မြို့နယ်တွင် တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများအား ပြန်လည် ခေါ်ဆောင်မှုများရှိနေ

19.8.2013

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းဖျန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များ၌ နေထိုင်သော UWSA (၀) တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ပြေးများအား ပြန်လည်ခေါ်ဆောင်ရန် သြဂုတ် ၁၈ ရက်နေ့တွင် UWSA (၀)အဖွဲ့မှ မိုင်းဖျန်ြ မို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ အုပ်ချုပ်ရေးမှူးရုံးကို ကား (၄) စီးနဲ့ (၀) အဖွဲ့တွေလာတာတွေ့တယ်၊ သူတို့ တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ တပ်ပြေးတွေကို ပြန်ခေါ်ဖို့ လာစည်းရုံးတာလို့တော့ ကြားတာပဲ၊ အတင်းခေါ်တာမျိုးတော့ မကြားမိပါဘူး ” ဟု မိုင်းဖျန်မြို့ခံတစ်ဦး က ပြောပြသည်။

“ လောလောဆယ်တော့ တပ်ဖွဲ့ဝင်ဟောင်း (၃) ဦးနဲ့ တပ်ပြေး (၄) ဦးရောက် နေပါတယ်၊ သူတို့ ဆန္ဒသဘော အတိုင်း လာကြတာပါ၊ သူတို့ကိုလည်း အပြစ်ပေးအရေးယူတာတွေလုပ်ဖို့ အစီအစဉ်မရှိပါဘူး ” ဟု UWSA (၀) အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောပြသွားသည်။

UWSA (၀) အဖွဲ့သည် စည်းရုံး၍ ရရှိသော တပ်ဖွဲ့ဝင်နှင့် တပ်ပြေး (၇) ဦးတို့ အား မိုင်းပေါက်ဒေသသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့အား ယခင် တာဝန်ထမ်းဆောင်ခဲ့သော နေရာများ၌ ပြန်လည်တာဝန် ထမ်းဆောင် ရန် စီစဉ်ထားကြောင်း ၊ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင် ဟောင်းများနှင့် တပ်ပြေးများကိုလည်း စည်းရုံးထားကြောင်း၊ အချိန်မရွေးပြန်လာ နိုင်ကြောင်း နှင့် ပြန်လာသော တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ နေရာ အသီးသီး၌ တာဝန် ထမ်းဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း ၊ အချို့တပ်ပြေးများမှာ ပြန်မလိုက် ချင်သောကြောင့် အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း သိရှိရပါသည်။

စိုင်းလှမြင့်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here