Wednesday, September 25, 2013

ရွှေ့ပြောင်း လုပ်သား အခွင့် အရေး ကာကွယ် ရန် အာဆီယံ စာချုပ် စာတမ်း ရေးဆွဲ

0 comments


25.9.2013

ရွှေ့ပြောင်း အလုပ်သမား များ ၏ အခွင့်အရေး ကို ကာကွယ် စောင့်ရှောက် ခြင်း နှင့် မြှင့်တင် ခြင်း ဆိုင်ရာ အာဆီယံ စာချုပ် စာတမ်း မူကြမ်း ကို ရေးဆွဲ နေပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင် ကျင့်သုံး မည် ဖြစ်ကြောင်း အလုပ် သမား ညွှန်ကြား ရေးမှူး ချုပ် ဦးမျိုးအောင် က ပြောကြား သည်။ အဆိုပါ စာချုပ် စာတမ်း မူကြမ်း ရေးဆွဲရေး နှင့် ပတ်သက် ၍ ရွှေ့ပြောင်း အလုပ် သမား များ အခွင့် အရေး ကို ကာကွယ် စောင့်ရှောက် ခြင်း နှင့် မြှင့်တင် ခြင်း ဆိုင်ရာ အာဆီယံ ကော်မတီ ၏ ကိုးကြိမ် မြော က် အဖြစ် ရန်ကုန် မြို့တော် ကန်တော် ကြီး ပဲလေ့စ် ဟိုတယ် တွင် စက်တင်ဘာ လ ၂၃ ရက်မှ ၂၅ ရက်နေ့ အထိ ပြုလုပ် မည့် အစည်း အဝေး တွင် မီဒီယာ များ ကို ၄င်းက ယင်း သို့ ပြောဆို ခြင်း ဖြစ် သည်။

ရွှေ့ပြောင်း လုပ်သားများ ၏ အခွင့် အရေး ကာကွယ် စောင့်ရှောက်ခြင်း နှင့် မြှင့်တင် ခြင်း ဆိုင်ရာ အာဆီယံ စာချုပ် စာတမ်း ရေးဆွဲရန် အတွက် အကြိမ် ( ၄၀ ) မြောက် အာဆီယံ အဆင့် ဝန်ကြီး များ အစည်း အဝေး တွင် သဘော တူညီ ခဲ့ကြပြီး ယင်း သဘော တူညီချက် အတိုင်း အာဆီယံေ က်ာမတီ တစ်ရပ် ဖွဲ့ကာ အကောင် အထည် ဖော်နေခြင်း ဖြစ်ကြောင်း ဦးမျိုးအောင် က ဆို သည်။ အာဆီယံ စာချုပ် စာတမ်း စတင် ကျင့်သုံး ပါက ရွှေ့ပြောင်း လုပ်သားများ အနေ နှင့် အာဆီယံေ ဒသ အတွင်း တွင် အဆိုပါ အာဆီယံ စာချုပ် စာတမ်း ပါ အခွင့် အရေး အတိုင်း ခံစားခွင့် ရရှိမည် ဖြ စ်ကြောင်း ၄င်းက ထပ်မံ ပြောကြား သည်။

၂၀၁၅ ခုနှစ်တွင် စတင် ကျင့်သုံးမည့် အာဆီယံ စီးပွားရေး စီးပွားရေး အသိုက် အဝန်း တွင် အာ ဆီ ယံ ဒေသ တွင်း လုပ်သား လွတ်လပ် စွာ စီးဆင်း ခွင့် ( Asean Free Flow Labour ) စနစ် ကို ကျ င့်သုံး မည် ဖြစ်သည်။ ပြည်ပ နိုင်ငံများ တွင် မြန်မာ ရွှေ့ပြောင်း လုပ်သား လေးသန်း ကျော် သွားေ ရာက် အလုပ် လုပ်ကိုင် လျက် ရှိသည်။

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here