Tuesday, September 17, 2013

ကလေး သူငယ် ကို အဓ္ဓမ ကျင့်လျှင် သေဒဏ်ပေးနိုင် ရန် ဦးသိန်းညွှန့် ကြိုးစားနေ

0 comments


ပထမ အကြိမ်ပြည် သူ့ လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တွင် သင်္ဃန်းကျွန်း မဲ ဆန္ဒ နယ် ပြ ည် သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် မှ (၁၈၆၁) ခုနှစ် တွင် ပြဋ္ဌာန်း ခဲ့သော ရာဇသတ် ကြီး ကို ပြင်ဆင် သည့် ဥပဒေကြမ်း အား လက်ခံဆွေးနွေး ရန် အဆို တင်သွင်း ခဲ့သော် လည်း လွှတ်တော် တွင် အငြင်း အခုန် ဖြစ်ပွား မှု ကြောင့် အဆို တင်သွင်းခြင်း မအောင်မြင် ခဲ့ ကြောင်း သိ ရ သည်။ ၎င်း အဆိုတင် သွင်းမှုကို အောင်မြင်ရန် အတွက် နောင်ကျင်းပပြုလုပ်မည့်ပြည်သူ့ လွှတ်ေ တာ် အစည်းအဝေး တွင် ဆက်လက် တင်သွား မည် ဟု ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် မှပြော သည်။

“ပုဒ်မ (၃၇၆) မှာ ပြင်ဆင် ထားတဲ့ အချက် ကတော့ ကျွန်တော် တို့နိုင်ငံ ရဲ့ ကလေး သူငယ် ဥပဒေ မှာ လည်း ကလေး သူငယ် ဆိုတာ အသက် (၁၆) နှစ် မပြည့်သေး တဲ့ အရွယ် ကို ဆိုတယ် လို့ပြဋ္ဌာန်း ထား ပါတယ်။ ဒါကြောင့် (၁၆) နှစ် မပြည့်သေး တဲ့ ကလေး သူငယ်တွေ ကို မုဒိမ်း ကျင့် ခံရသော မိန်းမ သည် အသက် (၁၆) နှစ် မပြည့်သေး သော ကလေး သူငယ်ဖြစ် လျှင် မုဒိမ်းမှု ကျူးလွန်သူ ကိုသေဒဏ် ချ မှတ် ရမည့် အပြင်ငွေဒဏ် လည်း ချ မှတ်နိုင် သည် ဆိုတဲ့ ပြင်ဆင်ချက် တင်သွင်း ရခြင်းဖြစ် ပါတယ်။ ဘာကြောင့် ဒီလို တင်သွင်း ရသလဲ ဆိုရင် အခုတလော အသက် မပြည့် သေး တဲ့ သူငယ်တွေ အပေါ်မှာ ကျူးလွန် တဲ့ မုဒိမ်းမူ များ ဟာ အင်မတန် များပြား လာ တယ်။ အဲဒီမှာ ဘယ်လောက်ထိ တုန်လှုပ် စေ သလဲ ဆိုရင် ဖခင် အရင်းဖြစ်သူ က သမီး အရင်းဖြစ် သူကို မုဒိမ်း ကျင့်တဲ့ အမှုတွေ ပါ။ အရင်တုန်း က ဒီလိုဖြစ်ရပ် မျိုးတွေ မရှိခဲ့ ဘူးလား ဆိုရင် ရှိခဲ့ ပါ တယ်။ သို့သော် အင်မတန် မှ အရေ အတွက် နည်းတယ်။ ဒါကြောင့် ကြီးလေး တဲ့ပြစ်မူတွေ မှာ ပြစ် မူ ကျူးလွန် ဖို့ အလားအလာ ရှိတဲ့သူတွေ ကို နောင် မကျူးလွန် အောင်ကြောက် သွားအောင် နော က် ထပ် မလုပ်ရဲအောင် ဟန့်ထား ဖို့ အတွက် သတ်မှတ် ထားတဲ့ပြစ် ဒဏ် ပါ” ဟု ၎င်းကပြော သည်။

အချို့သောနိုင်ငံခြား သား များ က မြန်မာနိုင်ငံ သို့ လာသော ရည်ရွယ်ချက် များ တွင် အိမ်နီး ချ င်း နို င်ငံ အချို့ တွင် ကဲ့သို့ ကလေး သူငယ် များနှင့် ပျော်ပါးချင် ၍ လာ ရောက် ကြခြင်းဖြစ်ေ ကြာ င်း ၊ ၎င်း နှင့် ပတ်သက် ၍ ယခု အချိန် တွင် သတင်းများ စတင် ကြားနေ ရပြီဖြစ် ကြောင်း၊ ယခု အချိန် တွင် ပြဋ္ဌာန်း ဥပဒေပြစ်မူ မကျူး လွန် အောင် ဟန့် တားဖို့ လိုကြောင်း၊ ကမ္ဘာ့နိုင်ငံ များ တွင် သေဒဏ် ချမှတ်သော နိုင်ငံ ရှိကြောင်း၊ မြန်မာနိုင်ငံ သည် ကမ္ဘာ့ ရှေး အကျ ဆုံးပြစ်ဒ ဏ်ဖြစ်ေ သာ သေဒဏ်ပြဋ္ဌာန်း ချက် ကို ကလေး သူငယ်များ အပေါ် ကျူးလွန် လာ သော ပုဂ်္ဂိုလ်များ အ တွက် ဟန့်တား ရန် သုံးသင့်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကလေး သူငယ်တွေ နဲ့ ပတ်သက် ပြီးတော့ အကာ အကွယ်တွေပေး ထားတာ ရှိ ပါတယ်။ ဒီ အကာ အကွယ် မှာ ကလေး သူငယ်တွေ ခံစား နိုင်ဖို့ လိုပါတယ်။ အလား တူ ပဲ ကျွန်တော် တို့နိုင်ငံ က လက်မှတ်ရေး ထိုး ခဲ့တဲ့ ( ၁၉၉၁ ) ခုနှစ် ကလေး သူငယ် အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ သဘောတူ စာချုပ် အပိုဒ် (၃၄) မှာ လည်း ကလေး သူငယ် အားလုံး သည် လိင်မှု ကိစ္စစော်ကား ညှဉ်း ပန်းခြင်း မှ အကာ အကွယ် ရ ပိုင်ခွင့် ရှိသည် လို့ ပြဋ္ဌာန်း ထားပါ တယ်။ အဲတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရသော် လည်းကောင်း၊ လက် မှတ်ထိုး ခဲ့တဲ့ ကလေး သူငယ် အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ ညီ လာခံ သဘောတူ စာချုပ် အပိုဒ် (၃၄) အရ ထိ ရော က် တဲ့ အကာ အကွယ်တွေပေးနိုင် ဖို့ ဆိုရင် ဟန့်တား တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင် ဖို့ က ရာဇသတ် ကြီး ပုဒ်မ (၃၇၆) မှာ ကလေး သူငယ် ကို ကျူးလွန် တဲ့ သူတွေကို သေဒဏ် အပြင်ငွေ ဒဏ်လည်း ချမှတ်နိုင် တယ် ဆိုတဲ့ အချက် ကို ပြင်ဆင် ဖို့ပြည်သူ့ လွှတ်တော် ကို ကျွန်တော် တင်သွင်း တဲ့အခါ မှာ အငြင်း အခုန်ဖြစ် တဲ့ အတွက် မအောင်မြင် ခဲ့ပါဘူး။ ဒါပေမဲ့ ဒီဟာ ကိုပဲ အခု လာမယ့် လွှတ်ေ တာ် မှာ ဆက်လက် တင်သွင်း သွား မှာ ပါ” ဟု သင်္ဃန်းကျွန်း မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ် ဦးသိန်းညွှန့် က ထပ်မံပြော သည်။

Today Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here