Sunday, September 22, 2013

မုဒိမ်းမှု ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် အချက်များ အကျဉ်းချုပ်

0 comments


(၁) အိမ်တွင် အခြားသူ တစ်ဦး တစ်ယောက်မျှ မရှိပါက သူငယ်ချင်း တစ်ယောက် သို့မဟုတ် ဆွေမျိုး တစ်ဦးဦးကို ဖုန်းဆက် အကြောင်းကြား ပါ။ မိမိအား လျင်မြန်စွာနှင့် တရား မျှတစွာ ဆောင်ရွက်ပေးနိုင်မည့် သူကို ရွေးချယ်ပါ။ သို့မှသာ မိမိအတွက် အထောက်အကူ ရမှာဖြစ်သည်။ ထိုသူ အား မိမိနှင့် တစ်ချိန်လုံး ရှိနေစေ ရန် ကြိုးစားပါ။


(၂) ရဲထံတွင် အမှုဖွင့်ပါ။ ကိုယ်တိုင် မလုပ်နိုင်ပါက အနီးဆုံးနှင့် အရင်းနှီး ဆုံး မိတ်ဆွေ သူငယ်ချင်းကို ချက်ချင်း ဖွင့်ပြောပြီး အကူအညီ တောင်းပါ။ ထိုသူ၏ အကူအညီဖြင့် ရဲထံတွင် အမှု ဖွင့်ပါ။

(၃) မိမိ၏ မိသားစု ဆရာဝန်နှင့် ဆက်သွယ်ပြီး မြန်နိုင်သမျှ အမြန်ဆုံး လာရောက်တွေ့ဆုံရန် မေတ္တာရပ်ခံပါ။ အကယ်၍ မိသားစု ဆရာဝန်ကို ချက် ချင်းတွေ့ဆုံရန် မဖြစ်နိုင်ပါက ဆေးရုံ သို့သွားပါ။

(၄) ရေမချိုးပါနဲ့။ အဝတ်အစား အားလုံးကို ချွတ်ပြီး မလျှော်ဖွပ်ပါနဲ့။ ဆရာဝန်နှင့် ရဲက စစ်ဆေးရန် လိုအပ် နိုင်သည်။

(၅) မုဒိမ်းကောင်၏ ပုံပန်းသဏ္ဌာန် အသေးစိတ်ကို ပြန်လည် သတိရရန် ကြိုးစားပါ။ ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဌာန် သာလျှင်မက သင်မှတ် မိသမျှကို စာရွက်ပေါ်တွင် ချရေးထား ပါ။ ထိုသူ၏ စကားပြောသည့် လေသံ၊ သုံးစွဲလေ့ရှိသည့် စကားလုံးများ စသည် တို့ကို ချရေးပါ။

(၆) ရဲထံ အမှုဖွင့်ပြီး သည့်နောက် အိမ်သို့ တစ်ယောက်တည်း မပြန်ပါနဲ့။ အိမ်ထဲမှာလည်း တစ်ယောက်တည်း မနေပါနဲ့။ သူငယ်ချင်းတစ်ယောက် ကို ခေါ်ထားနိုင်ရန် ကြိုးစားပါ။ ထိုသို့ မဖြစ်နိုင်ပါက သူငယ်ချင်းများ သို့ မဟုတ် ဆွေမျိုးများ၏ အိမ်တွင် သွားရောက် နေထိုင်ပါ။

(၇) သူတို့နိုင်ငံ များတွင် မုဒိမ်းမှု ဆိုင်ရာ အထူးဌာနများ ရှိတတ်သည်။ သို့မဟုတ် အမျိုးသမီးများ အချင်း ချင်း အကူအညီ ပေးသည့် ဒေသဆိုင် ရာ အဖွဲ့အစည်းများ (ဥပမာ- အမျိုး သမီးရေးရာအဖွဲ့) စသည်တို့က သင့် အား အကြံဥာဏ် ပေးနိုင်သောကြောင့် ထိုအဖွဲ့များနှင့် အမြန်ဆုံး ဆက်သွယ် ပါ။ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here