Sunday, September 22, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး အားကစားအဖွဲ့ခေါင်းဆောင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တက်ရောက်အမှာစကားပြောကြား

0 comments

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး Chef-de-Mission Meeting and Pre-Delegation Registration Meeting တို့ကို ယမန်နေ့နံနက် (၉)နာရီတွင်  နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Ballroom ခန်းမ၌ကျင်းပရာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီဥက္ကဋ္ဌ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး မြန်မာ့အားကစားအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးသောင်းထိုက်၊ အားကစားပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အကြိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပထမဦးစွာ မြန်မာနိုင်ငံ အရှေ့တောင် အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (MYASOC) အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ အပေါ်တွင် အားကစားဖြင့် သစ္စာရှိစွာချစ်ခင်ရင်းနှီးမှုရရှိအောင် ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဆောင်ပုဒ်ဖြစ်သော GREEN, CLEAN & FRIENDSHIP ဆောင်ပုဒ်နှင့် အညီ ပြိုင်ပွဲဝင်အဖွဲ့ဝင်နိုင်ငံများကို စိတ်ကျေနပ် မှုရရှိအောင်ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြိုင်ပွဲအားလုံးကို မျှမျှတတဖြစ်စေရန်အတွက် အားကစား နည်းများအလိုက် အဖွဲ့ချုပ်များ နှင့်ပူးပေါင်းပြီး နည်းစနစ် ဥပဒေများနှင့်အညီ ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ယင်း အားကစားပြိုင် ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ယနေ့ကြွရောက်လာသောကိုယ်စားလှယ်များ၊ အရှေ့တောင် အာရှအားကစားအဖွဲ့ချုပ်မှအဖွဲ့ဝင် နိုင်ငံများ၏ ဖြည့်စွက်ဆွေးနွေးမှုများ၊ ထောက်ခံမှုများကို လည်းမျှော်လင့်မိကြောင်း၊ ယခုပြိုင် ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် ပြင်ဆင် နေသလိုအားလုံးသော အားကစားအဖွဲ့များကိုလည်း ကျွန်ုပ်တို့၏ရွှေမြန်မာ နိုင်ငံသို့လာရောက် ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူးဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၏ အကြံပြုချက်များ၊ ထင်မြင်ယူဆ ချက်များ၊ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ရန် ဖိတ်ခေါ်ပါကြောင်းကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြိုင်ပွဲတွင် ကျင်းပမည့် အားကစားနည်းများ၊ ကျင်းပမည့်မြို့များ၊ ကျင်းပမည့် အချိန်နှင့်နေရာများအား လည်း ကောင်း အသေးစိတ် ရှင်းလင်းပြောကြားသွားကြသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက အားကစားပြိုင်ပွဲ ကျင်းပရေး ပွဲစဉ် ဇယားရေးဆွဲမှု၊ မြန်မာနိုင်ငံသို့ပြည်ဝင်ဗီဇာနှင့်ဆိုက်ရောက်ဗီဇာ ပြုလုပ်ပေးမည့် အခြေအနေ၊ လုံခြုံရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု၊ ပြိုင်ပွဲဝင် အားကစားသမားများနေထိုင်ရေး ဟိုတယ်အခန်းများ ကြိုတင်မှာယူထားမှုနှင့် အားကစားရွာ များ၌စီစဉ်နေရာချထားမှု၊ တည်းခိုရာ နေရာများမှ ပြိုင်ပွဲကျင်းပရာ နေရာများသို့ လွယ်ကူစွာသွား လာနိုင်ရေးအတွက် SHUTTLEBUS များ TAXI များ စီစဉ်ထားရှိမှု၊ သုံးစွဲကုသမည့် ဆေးပစ္စည်းများနှင့်တားမြစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေး အစီအစဉ်များ၊ ဆက်သွယ်ရေး ကောင်းမွန်စေရန် စီစဉ်ထားရှိမှုနှင့် wifi များအခမဲ့သုံးစွဲနိုင် ရန်အစီအစဉ် ပေးထားမှုနှင့် ပြိုင်ပွဲကျင်းပနေချိန်သတင်းအချက်အလက်များ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြ ကြသည်။ ယင်းနောက်တက်ရောက်လာကြသော အဖွဲ့ခေါင်းဆောင်များကပြိုင်ပွဲ ကျင်းပရေးနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ဖြေကြား သည်။
ထို့နောက် အရှေ့တောင်အာရှနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များသည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော အားကစားကွင်း၊ အားကစား ရုံများနှင့် အားကစားရွာတို့အား လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

NPE

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here