Thursday, September 26, 2013

အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ဂျင်မီကာတာ ဆွေးနွေး

0 comments


26.9.2013

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် Mr. Jimmy Carterဦးဆောင်တဲ့ The Elders ကမ္ဘာ့နာယကကြီးများ အဖွဲ့ဝင်တွေ မနေ့ကတွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးနဲ့ ၂ဝ၁၃ နှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝ မကျန်ရှိအောင် ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပြောဆိုပါတယ်။

နေပြည်တော်ကတွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းနဲ့ အပစ်အခတ်များ ရပ်စဲခဲ့ပြီဖြစ်ပေမယ့် ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဆွေးနွေး ပွဲကို ဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့်တို့လည်း ပါဝင်တက်ရောက်တယ်လို့ သိရပါတယ်။

RFA Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here