Thursday, September 26, 2013

လူမဲ့၊လောင်စာစီမဲ့ နှစ်နဲ့ချီပြီး လေပေါ်ပျံသန်းမယ့် Satellites ယာဉ်

0 comments

Thursday, September 26, 2013

လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က လူသားတစ်ယောက်ပြန်ဖြစ်ခဲ့မယ်ဆိုရင်မျက်မောက်ခေတ် ကာလရဲ့  တီထွင်ဖန်တီးမူတွေကို စိတ်ကူးယဉ်ဆန်ဆန် ချပြမယ်ခဲ့ဆိုရင် သင့်ကိုအားလုံးက အရူးလို့ဝိုင်းပြောလာပါလိမ့်မယ်

မိုဘိုင်းလ်လောကမှာဆိုရင်လည်း ပညာရှင်တွေရဲ့ ဖန်တီးမူတွေဟာ တစ်နေ့ထက်တစ်နေ့ေ ကြာက်ခမန်းလိလိ ပြောင်းလဲနေတာအားလုံးအသိပါပဲ။အခု လည်း အကာသလေ့လာရေးအတွက် ဖန်တီးပေးလိုက်တဲ့ UAVs နေစွမ်းအင်သုံး အာရုံခံဂြိုလ်တု လူမဲ့ယာဉ်ပျံကို ဘာလောင်စာစီမျှ မသုံးပဲ ဆိုလာစွမ်းအင်နဲ့ ငါးနှစ်တိတိပျံသန်းနိုင်အောင်စမ်းတပ် ထုတ်လုပ်ပေးထားပါတယ်။

ဆိုလာပြား ၃၀၀၀ နဲ့ထည့်သွင်းတည်ဆောက်ထားတဲ့ အဆိုပါယာဉ်ကို နေ့ဖက်မှာ စွမ်းအင်များကိုရယူပြီး ၇ ကီလိုဝပ်အားရှိတဲ့ လျှပ်စစ်တွေကိုထုတ်လုပ် စေမှာဖြစ်သလို၊ စွမ်းအင်တွေကိုလည်း သိုလှောင်သိမ်းဆည်းပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် သိုလှောင် သိမ်းဆည်းထားတဲ့ စွမ်းအင်ကနေ ညဖက်တွေမှာပါ မရပ်မနားပျံသန်းမောင်းနှင်နိုင်မှာပါ။

ပျံသန်းနိုင်ဖို့အတွက် ၅၀ မီတာ(၁၆၄ပေ) Wingspan ကိုလည်ပတ် စေမှာဖြစ်ပြီး ယာဉ်ကိုယ်ထည် ၁၅.၅ မီတာ(၅၄ပေ) နှင့်အလေးချိန်စုစုပေါင်း ၁၅၉ ကီလိုဂရမ်(၃၅၀ပေါင်) နဲ့တည်ဆောက်ထားတယ်လို့ဆိုပါတယ်။

စမ်းတပ်ဖန်တီးမူအရ လေထုပေါ်မှာကြာမြင့်ချိန် ၅ နှစ်အထိ ပျံသန်းနိုင်မှာဖြစ်ပြီး တစ်နာရီ ၆၅ မိုင်နှုန်း(ကီလိုမီတာ ၁၀၄)နှင့် အမြင့်ပေ ၆၅၀၀၀ အထိပျံသန်းနိုင်တဲ့ ဆိုလာစွမ်းအင်သုံး Solar Powered UAVs ယာဉ်ပျံကြီးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Ref:techblog
ခွန်နေ(AMMG)
Stuff Myanmar Magazine

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here