Tuesday, September 24, 2013

ဘာကြောင်. ကြေးစည်ခေါင်းလောင်းတို.ကို သုံးရသနည်း ?

0 comments


24.9.2013

ကြေးစည်ခေါင်းလောင်းတို့ကို ဘာသာရေးကိစ္စ၌ သုံးရသည်၊ အမျှအတန်းဝေရာ၌ ထိုးခေါက်ရသည်-ဟု နားလည်ပါသည်၊ သို့သော် အသုဘချရာ၌ ကြေးစည်တီးသည်ကို မြင်တွေ့နေရပါသည်၊ ဘာသာရေး- သုံး ကြေးစည်ကို အဘယ်ကြောင့် အသုဘတွင် တီးသည်ပါသနည်း။

( ဖြေ ) ခေါင်းလောင်း၊ ကြေးစည်၊ ထိုးစည်များကို ဘာသာရေးကိစ္စများတွင် သုံးစွဲကြရာ ၌ခေါင်းလောင်းသံ ၊ ကြေးစည်သံကြားလျှင် သာဓုအနုမောဒနာ ပြုကြရန် ရည်ရွယ်ပါသည်၊ဒါနပြုရာ၌ ဒါန၏အဖို့ကို ရယူနိုင်စေရန် ကြေးစည် ခေါင်းလောင်းဖြင့် အမျှဝေကြသည်၊ ကြေးစည် ခေါင်းလောင်းသံ ကြား၍ သာဓုခေါ်လျှင် ဒါနကောင်းမှု၏ အဖို့ဘာဂကို အမျှရသည်။သီလ၌လည်း ထို့အတူပင်။

အသုဘ၌ အသုဘသို့ လာသူ၊ မသာပို့သူတို့သည် ငါလည်း ဤကဲ့သို့ သေရဦးမည်-ဟု မရဏာနုဿတိ ဘာဝနာကို ပွားကြရသည်၊ မသာပို့သူတိုင်း၏ တာဝန်မှာ ထိုသို့ မရဏာနုဿတိ ဘာဝနာပွားခြင်း၊ အသုဘကမ္မဋ္ဌာန်း နှလုံးသွင်းခြင်း စသည်ဖြင့် ရှုပွားရသည်မှာ ဗုဒ္ဓဘာသာတိုင်း ပြုရမည့် တာဝန် ၀တ္တရားပင် ဖြစ်သည်၊

အောက်ထစ်ဆုံး သုဘလုလင်နှင့် သူငယ်ချင်း သူဋ္ဌေးသား ၅၅-ဦးအလောင်းအလျာများကဲ့သို့ ဤအသုဘ အပုပ်ကောင်ကြီး လူကြားသူကြားထဲမှာ ထား၍မလျော်၊ သုသာန်သင်္ချိုင်းသို့ ပို့ဆောင်ကြကုန်အံ့-ဟူသော လူမှုရေး ကုသိုလ်စိတ် ထားရှိကြရသည်၊ ထိုကုသိုလ် ကောင်းမှုများကို ကြားသူ မြင်သူတို့ သာဓုခေါ်၍ ကုသိုလ်အမျှယူနိုင်ရန် အသုဘများတွင် ကြေးစည်တီး၍ ချပို့ကြရခြင်း ဖြစ်ပါသည်။

ထေရ၀ါဒ တို.တိုင်းပြည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here