Thursday, September 26, 2013

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ခန့်က အင်္ဂလိပ်အစိုးရပြဋ္ဌာန်းခဲ့တဲ့ဥပဒေများ၊အစိုးရအဆက်ဆက်ပြဋ္ဌာန်းခဲ့သော ကိုယ်ကျိုးကြည့်၊ ခြံစည်းရိုးခတ်ဥပဒေများအပါအ၀င် ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေအားလုံးကို ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၅၀ ကျော်မှတောင်းဆို

0 comments
26.9.2013

ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရရဲ့ နှစ်ပေါင်း ၁၀၀ ခန့်က ၎င်းင်းတို့ အာဏာ တည်မြဲရေးအတွက် ပြ ဋ္ဌာန်းခဲ့တဲ့ဥပဒေတွေ၊ ပြီးတော့ နိုင်ငံတော်အစိုးရ အဆက်ဆက် ပြဋ္ဌာန်းခဲ့တဲ့ ခေတ်နဲ့ မလျော်ညီ တော့တဲ့အာဏာခြံစည်းရိုးခတ် မမျှမတဥပဒေတွေ အပါအ၀င် ဒီကနေ့ ဒီမိုကရေစီစံနှုန်းနဲ့ မညီ တော့တဲ့ ဥပဒေအားလုံးကို ရုပ် သိမ်းပေးဖို့ ကျွန်တော်တို့ ရှမ်း ပြည်နယ်တောင်ကြီးမြို့မှာ သုံး ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်း သားဆွေးနွေးပွဲကနေ တောင်းဆို လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ကျွန်တော် တို့ တိုင်းရင်းသားအဖွဲ့အစည်း ပေါင်း ၅၀ကျော် တက်ရောက်ခဲ့ ကြသလို တိုင်းရင်းသားအချင်း ချင်း ယုံကြည်မှုတည်ဆောက် ခြင်းဆိုင်ရာဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြ တာဖြစ်ပါတယ်လို့ တောင်ကြီးမြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက First Weekly ကို အခုလိုပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်ကမတရားအသင်း ဥပဒေ ဆိုတာက ၁၇(၁)လိုဟာမျိုး၊ အခုနောက်ပိုင်းမှာ ထုတ်လိုက်တဲ့ ၅၀၅ လိုဥပဒေတွေက မလိုလား အပ်တဲ့ဥပဒေတွေပါ။ မီဒီယာဆိုင် ရာ ဥပဒေလည်းရှိသေးတယ်။ဒါ့ကြောင့် လောလောလတ်လတ် ပယ်ဖျက်ဖို့လိုတဲ့ဥပဒေကတော့ လွတ်လပ်စွာ စီတန်းလှည့်လည် ခွင့်၊ စည်းရုံးဟောပြောခွင့်ဆိုတဲ့ အရင်သူတို့ဆီခွင့်ပြုချက်တင်ပါ။ မတင်ဘဲလုပ်ရင်ဆိုတာမျိုး အဲဒီ ဥပဒေတွေကချက်ချင်းလက်ငင်း ပယ်ဖျက်သင့်တဲ့ မလိုလားအပ် တဲ့ ဥပဒေတွေပဲဖြစ်ပါတယ်။ အသေးစိတ်ပြောရရင် အများ ကြီးပါလို့ဦးစိုင်းလိတ်က ပြော ပါတယ်။

အဆိုပါ တောင်ကြီး မြို့မှာ သုံးရက်ကြာကျင်းပတဲ့ တိုင်းရင်းသား ယုံကြည်မှုတည် ဆောက်ခြင်း ဆိုင်ရာ ဆွေးနွေးပွဲမှာ ရှမ်း၊ ကယား၊ မွန်သုံးပြည်နယ် အတွင်းက တိုင်းရင်းသား အဖွဲ့ အစည်း ၅၀ ကျော် တက်ရောက် ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ တန်းတူကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး၊ ပင်လုံစိတ် ဓာတ်ကိုအခြေခံတဲ့ ညီလာခံတစ် ရပ်ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင် ဒါမှ မဟုတ် ပြန်လည်ရေးဆွဲရေး စတဲ့ အချက်တွေကိုတက်ရောက်လာ တဲ့ အဖွဲ့အစည်း ၅၀ ကျော်က ဘုံသဘောတူညီချက်အဖြစ် ရရှိ ခဲ့ကြောင်းသိရှိရပါတယ်။

First Weekly Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here