Thursday, September 26, 2013

မြို့နယ် အထောက်အကူပြုကော်မတီ ဖွဲ့စည်းမှု လွှတ်တော် ကိုယ်စားလှယ်များကို အသိမပေးဘဲ ဖွဲ့ခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦး ကန့်ကွက်

0 comments
ရန်ကုန် ၊ စက်တင်ဘာ ၂၄

သင်္ဃန်း ကျွန်းမြို့နယ် မြို့နယ် အထောက် အကူပြုကော်မတီဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စား လှယ်များ ကို အသိပေးခြင်းမရှိဘဲ ဖွဲ့စည်း ခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ် အားလုံးက အသိအမှတ် မပြု ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ က စက်တင်ဘာ ၂၁ရက် တွင် ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ် မြို့ နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော် မတီ အား ဖွဲ့စည်း ထားပြီးဖြစ်ရာ ဥက္ကဋ္ဌဖြစ်သူ မှာ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူအား အဆိုပါကော်မတီ၏ ဥက္ကဋ္ဌ အ ဖြစ်တင်မြှောက်ထားသည့်အပေါ် လည်း ကန့်ကွက်ကြောင်း သိရ သည်။

အဆိုပါကော်မတီစတင် ဖွဲ့စည်းစဉ်ကပင် အကြောင်းကြား အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းခဲ့ သဖြင့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လေးဦးက အသိ အမှတ်မပြုကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းညွန့်က ''ကိုယ့်ရဲ့မြို့နယ်ဖွံ့ ဖြိုး တိုးတက်ဖို့ အတွက် ဆောင် ရွက်တဲ့နေရာမှာ အုပ်ချုပ်ရေးမှူး တွေဟာ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုပါတယ်။ အခုကော်မတီဖွဲ့ စည်းတဲ့အခါမှာ ကျွန်တော်တို့ မသိခဲ့ရပါဘူး။ ပြီးတော့ တာဝန် ပေးအပ်ခြင်းကိုခံရတဲ့ ကော်မ တီဥက္ကဋ္ဌကလဲ မြို့မိမြို့ဖတစ်ဦး ရဲ့အင်္ဂါရပ်နဲ့ညီညွတ်ခြင်းမရှိတဲ့ သူဖြစ်တဲ့အတွက် ကျွန်တော်တို့ လွှတ်တော်အမတ်လေးဦးစလုံး ကန့်ကွက်ပါတယ်။ အဖွဲ့ဝင်အ ဖြစ်လဲ ပါဝင်ခွင့်မပြုနိုင်ပါဘူး'' ဟု ပြောသည်။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ် ခြင်းခံရသော ဦးခင်ဝေသည် လမ်းမြေအား စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးအား ငှားရမ်း ထားခြင်း၊ ငမိုး ရိပ်ချောင်းဘေး ရှိ မြေကွက် များကို ပုဂ္ဂလိကလုပ်ကိုင် သူများအား ငွေကြေးဖြင့်ငှားရမ်း ခြင်း၊ စည်ပင် ပိုင်မြေကွက်အား ကြံ့ခိုင်ဖွံ့ဖြိုးရေးပိုင်မြေကွက်ဟု ဆိုကာ ဆိုင်းဘုတ်ထောင်ပြီး ရပ် ကွက် အုပ်ချုပ်ရေး မှူးနှင့်ပေါင်း ကာ ရောင်းချခြင်း စသည့်အလွဲ သုံးစားမှုများကျူးလွန်ထားသော ကြောင့် သဘောမတူ နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ''မြို့နယ်အ ထောက်အကူပြုကော်မတီ ဖွဲ့ စည်းထားတဲ့ ကိုးဦးအပြင် အုပ် ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အားလုံး ဟာ ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေဆိုရင်လဲ ကျွန်မတို့ လွှတ် တော်ကိုယ်စားလှယ်တွေကို အ ကြောင်းကြားပါ။ ပူးပေါင်းဆောင် ရွက်ပါလို့ ကျွန်မပြောချင်ပါတယ်'' ဟု ပြောသည်။

ယင်းသင်္ဃန်းကျွန်းမြို့နယ် အတွင်း ပါဝင်သောလွှတ်တော် ကိုယ်စားလှယ်လေးဦးမှာ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်၊ မဲဆန္ဒနယ် အမှတ် (၁) ဦးကျော်၊ မဲဆန္ဒနယ်အမှတ် (၂) ဒေါ်စန်းစန်းမြင့်တို့ဖြစ်သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here