၁၉၉၆ ခုနှစ် ဝန်းကျင်က ကာကွယ်ရေးဝန် ကြီးဌာနမှ လုပ်သက် ၂ဝ
အထက်ဝန်ထမ်းများကို တောင်ဒဂုံ ၁၄၅ တွင် အကွက်များရိုက်၍ နေရာ
ချထားပေးခဲ့သော်လည်း ယနေ့အချိန်အထိ လျှပ် စစ်မီးမရရှိသေးခြင်းနှင့်
လမ်းမကောင်းခြင်းများ ရှိနေသေးသည့်အတွက် သွားရောက်နေထိုင်ရန်
အခက်အခဲများရှိနေသေးကြောင်း ၄င်းမြေကွက် ရရှိထားသူအချို့က ဆိုသည်။
”ကျွန်တော်ဒီအကွက်ကို ရထားတာ ကြာ နေပါပြီ။ ဒါပေမဲ့ ဒီနေ့ထက်ထိ မီးမရှိ၊
ဘာမရှိနဲ့ လူနေထိုင်လောက်အောင်မှ မဖြစ်သေးတာ။ ဘယ်လိုသွားနေမလဲဗျာ”ဟု
ကာကွယ်ရေးဝန် ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက မြေ ကွက်အခြေအနေကို
ပြောသည်။
သို့အတွက် အမှန်တကယ်နေထိုင်ရန် အိမ် ရာအခက်အခဲရှိသူများပင်
သွားရောက်နေထိုင် ခြင်းမရှိကြဘဲ အဆိုပါ နေရာများကို ရောင်းချ၍
အခြားနေရာတစ်ခု တွင် ပြန်လည် ဝယ်ယူခဲ့ရ ကြောင်း မြေကွက်ပိုင်ရှင်တစ်ဦးက
ပြောသည်။
အထက်ပါပုဂ္ဂိုလ်က ”နေစရာလည်း မရှိ ဘူး။ ရှိတဲ့ဒီ ၁၄၅ က အကွက်ကလည်း ဘယ် လိုမှ
နေလို့မှမရတော့ ရောင်းပြီး တစ်နေရာပြန် ဝယ်ရတာပေါ့”ဟု ပြောသည်။
တောင်ဒဂုံရှိ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း ၄င်းနေရာနှင့်ပတ်သက်၍ လူ
နေထိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအ ထားများကြောင့် လက်ရှိတွင် နေ
ထိုင်သူဦးရေ အလွန်နည်းပါးပြီး အဝယ်မှာလည်း အေးကာ ရောင်းချရန်အတွက်
လာရောက်အပ်နှံသူသာ များကြောင်း ပြောသည်။
”ပိုက်ဆံရှိတဲ့သူ အချို့လောက်သာ ဒီနေရာ ဆင်းပြီး ဝယ်တာရှိတယ်”ဟု အောင်ရွှေရည်ထွန်း အိမ်ခြံမြေအကျိုးဆောင်က ဆိုသည်။
အဆိုပါ ၁၄၅ အကွက်များကို ၁၉၉၆ ခုနှစ် ဝန်းကျင်က ကာကွယ်ရေးဝန်ကြီးဌာနမှ
ဝန်ထမ်း များကို ပေ ၄ဝ x ပေ ၆ဝ အကွက်များရိုက်၍ ကျပ်နှစ်သောင်း သွင်းစေ
ပြီး နေရာချ ထားပေးခဲ့ ခြင်းဖြစ် သည်ဟုလည်း မြေကွက်ရရှိထားသူများ ထံမှ
သိရသည်။
”အခုဆို ကျွန်တော့်အဖေက အသက် ၇ဝ ပြည့်တော့မယ်။ အဖေရထားတဲ့ မြေကွက်မို့
ပြီးခဲ့ တဲ့ ၁ဝ ရက်က သွားကြည့်တာ။ အဲဒီအကွက်ထဲကို ဝင်လို့မရလို့ ကွန်ကရစ်
လမ်းပေါ်ကနေ ပွဲစား ပြောတဲ့နေရာကို မှန်းကြည့်ပြီး ပြန်လာခဲ့ရတယ်”ဟု
မြေကွက်ပိုင်ရှင်တစ်ဦး၏ သားဖြစ်သူက ပြောသည်။
လက်ရှိတွင်အဆိုပါ မြေကွက်များသည် ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်လျှင် ဖြစ်ပေါ်နေသော
ဈေးမှာ အတည်တကျပြောရန်ပင် ခက်ခဲကာ ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြင့်
ဈေးသတ်မှတ် ကြကြောင်း၊ သို့သော် ဝယ်လိုအားထက် ရောင်း လိုအားများက
အချို့နေရာများတွင် ခေါ်ဈေး အနေဖြင့် သိန်း ၅ဝဝ ကျော်အထိရှိေ နကြောင်း
တောင်ဒဂုံ အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ၁၄၅ ကဲ့သို့ပင်
ပြည်ထဲရေးဝန်ကြီးဌာန မှ ဝန်ထမ်းများအတွက် နေရာချထားပေးသည့်
မြေကွက်များမှာလည်း ယနေ့အချိန်ထိ လျှပ်စစ် မီး မရရှိသေးကြောင်းနှင့်
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုမရှိသေးကြောင်း ၄င်းနေရာများရှိ အကျိုး
ဆောင်တို့ထံမှ သိရသည်။
လက်ရှိတွင်အကွက်ပေါင်း ၂ဝဝဝ ကျော် ရှိသော ၁၄၅ ရပ်ကွက်တွင် အိမ်ခြေ သုံးလေး
ဆယ်ရှိကာ အကွက်ပေါင်း ၂ဝဝဝ ကျော်ရှိသည့် ၁၄၆ တွင် အိမ်ခြေပေါင်း ၅ဝ
ဝန်းကျင်ခန့်သာ ရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်တို့ထံမှသိရသည်။