Saturday, September 14, 2013

ထိုင်းနိုင်ငံသို့ တင်ပို့နေသော ရဲတံခွန်သဘာဝဓာတ်ငွေ့ ကမ်းလွန်ထုတ်လုပ်မှုစင်ကို လာမည့်ဒီဇင်ဘာတွင် ပြုပြင်ရန်စီစဉ်

0 comments
ထိုင်းနိုင်ငံသို့ တင်ပို့နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစင်ကို လာမည့်ဒီဇင်ဘာတွင် ပြုပြင်ရန်စီစဉ်နေကြောင်းထိုင်းအမျိုးသား သတင်းဗျူရို၏ ဖော်ပြချက်အရ သိရသည်။

ရဲတံခွန်စီမံကိန်း၏ ထုတ်လုပ်ရေးစင်ကို လာမည့်ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၈ ရက်အတွင်း ပြုပြင်သွားမည်ဖြစ်သည်...

အဆိုပါကာလအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း PTTဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

 အခြားရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုဖြစ်သည့် ရတနာစီမံကိန်းကိုလည်း ယခုနှစ် ဧပြီ ၅ ရက်မှ ၁၂ ရက်အတွင်း ပြုပြင်ခဲ့ပြီး မြန်မာနိုင်ငံမှ ၀ယ်ယူရရှိသော ဓာတ်ငွေ့များဖြင့် ထိုင်းအနောက်ပိုင်းရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စက်ရုံကြီးများကို လည်ပတ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများအနက် ရတနာနှင့် ရဲတံခွန် စီမံကိန်းများမှ ထွက်ရှိသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချလျက်ရှိပြီး ရွှေစီမံကိန်းမှ ထွက်ရှိသော ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ရောင်းချလျက်ရှိကာ ဇောတိက စီမံကိန်းမှထွက်ရှိသော ဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ပင် ဆက်လက်တင်ပို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလိုအပ်ချက် တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်မားလျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ ထပ်မံတွေ့ရှိပါက ပြည်တွင်းတွင်သာ အသုံးပြုသွားမည်ဟု အစိုးရက ကြေညာထားသည်။

လက်ရှိလိုအပ်နေသော လျှပ်စစ်ဓာတ်အားအတွက် သဘာဝဓာတ်ငွေ့ ပြန်လည်ဝယ်ယူရန် စီစဉ်နေပြီး ၂၀၁၄ ခုနှစ် မတ်မတိုင်မီအထိ တစ်ရက်လျင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ မှ ၂၀၀ အထိ လည်းကောင်း၊ ၂၀၁၄ခုနှစ် နောက်ပိုင်း ၅နှစ်မှ ၁၀နှစ်အထိ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀မှ ၆၀၀ အထိလည်းကောင်း ၀ယ်ယူသွားမည်ဖြစ်သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here