Saturday, September 14, 2013

အပြည်ပြည်ဆိုင်ရာမွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပြပွဲကို တပ်မတော်ခန်းမတွင်သုံးရက်ကြာ ဖွင့်လှစ်ပြသ

0 comments

Crystal Diamond Livestock ကုမ္ပဏီမှ ကြက်ပေါက်ထုတ်လုပ်မှုနှင့် ပတ်သက်၍ပြသနေသည်ကိုတွေ့ ရစဉ်


မြန်မာနိုင်ငံအပါအ၀င် အာရှ၊ ဥရောပမှ နိုင်ငံပေါင်း ၁၄ နိုင်ငံ လာရောက်ပြသသော အပြည်ပြည်ဆိုင်ရာ မွေးမြူရေးနှင့်ရေလုပ်ငန်း ဆိုင်ရာပြပွဲက...ို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် စတင်ပြသလျက်ရှိကြောင်း သိရ သည်။ ပြပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်ကြာပြသမည်ဖြစ်ပြီး မွေးမြူ ရေးနှင့်ရေလုပ်ငန်းဆိုင်ရာများကို လေ့လာလို သူများအနေဖြင့် အဆိုပါပြပွဲတွင် ပြသထား သော မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးများ၊ တိရစ္ဆာန်အစာများနှင့် ခေတ်မီရေလုပ်ငန်းသုံးပစ္စည်းများကို လာရောက်၍ လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပြပွဲတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းသုံး ပစ္စည်းများအပြင် တိရစ္ဆာန်ကျန်းမာရေးစောင့် ရှောက်မှုများ၊ မွေးမြူရေးဆိုင်ရာ အစာအာ ပာာရနည်းစနစ်များနှင့် ၄င်းတို့နှင့်ဆက်စပ် သောငွေကြေးစီမံခန့်ခွဲမှုများကိုပါ နိုင်ငံတ ကာမှ ပညာရှင်များမှ ပြပွဲကာလ ၃ ရက်အ တွင်း ပောာပြောပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

''ဒီလို နိုင်ငံပေါင်းစုံပါဝင်တဲ့ ပြပွဲလုပ် ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ် နှံလိုတဲ့ လုပ်ငန်းရှင်တွေပေါ်လာနိုင်ပြီး ဈေး ကွက်သစ်တွေလည်း ရလာနိုင်ပါတယ်။ ဒီနှစ် ပိုင်း ခြောက်လအတွင်းမှာ လာရောက်ရင်းနှီး မြှုပ်နှံငွေက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိတယ်လို့သိရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့်လာမည့် ငါးနှစ်အတွင်း မြန်မာ နိုင်ငံအနေနဲ့ ပြောင်းလဲတိုးတက်မှုတွေ အများ ကြီးရှိလာမယ်လို့ကျွန်မထင်ပါတယ်''ပာု ပြပွဲဖြစ်မြောက်ရန် နိုင်ငံတကာနှင့်ချိတ်ဆက် ပေးသော ဘန်ကောက်အခြေစိုက် Vnu Ex- hibitions Asia Pacific ကုမ္ပဏီမှ ပွဲစီစဉ်သူ အထွေထွေမန်နေဂျာ Ms.Ladda မှ ပြော ကြားသည်။

ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း (၇၀) လာရောက်ပြသလျက်ရှိပြီး ပြခန်း ပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။ ပြခန်း တွင် ကြက်၊ ၀က်၊ ငါး စသည့်တိရစ္ဆာန်အစာ နှင့် အာပာာရဆိုင်ရာဆေးဝါးများကို အဓိက ပြသပြီး အခြားကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း သုံးဆိုင်ရာ ပန်ကာ၊ မီးစက် စသည့်အသုံးအ ဆောင်ပစ္စည်းများကိုလည်း ပြသထားကြောင်း အဆိုပါပြပွဲမှ သိရသည်။
ရန်မျိုးအောင်၊ အိနီတာကို

EMG

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here