Monday, September 23, 2013

အဆိုးဝါးဆုံးမုန်တိုင်းဘေးမှ ဟောင်ကောင်ကျွန်း လွတ်မြောက်ခဲ့ရပါတယ်။

0 comments



23.9.2013

ယမန်နေ့ညကတရုတ်နိုင်ငံ၊ ဟောင်ကောင်ကျွန်းဆီသို့ဦးတည်ရွေ့လျှားခဲ့တဲ့ တိုင်ဖွန်းUsagi ကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် အနည်းဆုံးလူ(၃)
ဦးသေဆုံး ခဲ့ရပြီး အနီးနားရှိ ဟောင်ကောင်ကျွန်း ကတော့ အဆိုးဝါးဆုံးမုန်
တိုင်အန္တရာယ်ဘေးမှ လွတ်ကင်းသွားခဲ့ရပါတယ်။ သေဆုံးသူ(၃)ဦးမှာ Guangdong ပြည်နယ်မှဖြစ်ကြပြီး၊ (၂)ဦးမှာ သစ်ပင်များလဲပြိုရာမှထိခိုက်
မိပြီး သေဆုံးရခြင်းဖြစ်ကာကျန်(၁)ဦးမှာတော့မှန်ကွဲများထိရှမှုကြောင့် သေဆုံးရခြင်းဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် (၁၉း၄၀) နာရီအချိန်မှာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ မုန်တိုင်းရဲ့အရှိန်ကြောင့် ဟောင်ကောင်ကျွန်းတွင် အပျက်အစီးများ နေရာအနှံ့ တွင် ဖြစ်ပေါ်ခဲ့ပြီး အချို့ဒေသများတွင်လည်းရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဟောင်ကောင်ကျွန်းအတွက် ကံကောင်းသွားစေသောအချက်မှာ မုန်တိုင်းဟာ ကမ်းခြေကိုမဖြတ်မီ (၁)နာရီခန့်အလိုတွင်(ဒေသစံတော်ချိန်၁၉း၀၀ နာရီမတိုင်မီ) မှာ Super Typhoon အဆင့်မှ Typhoon အဆင့်ကို အားလျော့သွားစေခဲ့တဲ့အပြင်၊ သွားရာလမ်းကြောင်းမှာလည်း ဟောင်ကောင်ကျွန်းမှ ဝေးရာဖက်ကို ပြောင်းလဲရွေ့လျှားသွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။

သေကြာနေ့ကလည်း ထိုင်ဝမ်ကျွန်းနဲ့ဖိလစ်ပိုင်နိုင်ငံတို့ ကြားမှ ဖြတ်ကျော်စဉ် တိုင်ဖွန်းမုန်တိုင်း USAGIကြောင့် ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းမှာ လူ(၂)ဦး အသက် ဆုံးရှုံးခဲ့ရပါသေးတယ်။

ဂျပန်ဘာသာအအားဖြင့် ယုန် လို့အဓိပ္ပါယ်ရှိတဲ့ USAGI မုန်တိုင်းဟာ ကမ်းကို ၀င်ရောက်စဉ် လေတိုက်နှုန်း 165 km/h (103 mph) ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ လူဦးရေထူထပ်တဲ့ Pearl မြစ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသအနီးမှ ဖြတ်ကျော် ၀င်ရောက် ခဲ့တာဖြစ်ပါတယ်။

ကဲ ကမ်းကိုဖြတ်ပြီးတဲ့နောက်ပိုင်းဇာတ်လမ်းကတော့ သာဂိတိုနဲ့ လာပတ်သက်မှုရှိမရှိ ဆိုင်မဆိုင်ဆိုတာကိုတော့ ဆက်လက်ရှုစားကြရဦးမှာဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here