30.9.2013
10:03 am
(၁) (၂၉-၉-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်မှာ တိုင်းတာရရှိတဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၁)လက်မခွဲခန့် ရွာသွန်းခဲ့တဲ့ဒေသတွေ ကတော့ စစ်ကိုင်းတိုင်းအလယ်ပိုင်း နဲ့ မကွေးတိုင်း အနောက်ပိုင်းတို့ဖြစ်ကြပါတ ယ်။ ရေကြီးမှု အလားအလာများနေတဲ့ဒေသတွေအနေနဲ့ကတော့ ဧရာဝတီတိုင်းအရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်း နဲ့ ပဲခူးတိုင်းတောင်ပိုင်း တို့ဖြစ်ကြပါတယ်။ စစ်ကိုင်း တိုင်းအောက်ပိုင်း နဲ့ မကွေးတိုင်း မြောက်ပိုင်း တို့မှာလည်း ရေကြီးမှု အလားအလာတွေ အနည်းငယ်တိုးလာပါတယ်။
(၂) (၂၉-၉-၂၀၁၃)ရက် ညပိုင်းအထိ ရေဖုံးလွှမ်းနှိုင်မှုအလားအလြာ မင့်မားနေ တဲ့နေရာတွေကို ရန်ကုန်တိုင်း(မင်္ဂလာဒုံမြို့ နယ်)အတွင်းမှာ (၅)နေရာ၊ ပဲခူးတိုင်း (ပဲခူးမြို့နယ်)အတွင်းမှာ (၅)နေရာ၊ ဧရာဝတီတိုင်း(ပုသိမ် နဲ့ မအူပင်မြို့နယ်) အတွင်းမှာ) (၁)နေရာစီ နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်)အ တွင်း (၁)နေရာကို တိုင်းတာရရှိထားပါတယ်။
အရှေ့ဖက်မှာ ဒီနေ့(၃၀-၉-၂၀၁၃)ရက်ညပိုင်း မှာ ဗီယက်နမ်နိုင်ငံ ကမ်းခြေ ကိုဖြတ်ကျော်ဝင်ရောက်တော့မယ့် တိုင်းဖွန်း Wutip ရဲ့ အကျိုးဆက် ကိုတော့ စောင့်ကြည့်ရပါဦးမယ်။ ထိုင်းနိုင်ငံမိုးလေ၀သဌာနကေ တာ့ မြန်မာနိုင်ငံဖက် မရောက်မီ ကုန်းတွင်းမှာ အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဒေါက်တာထွန်းလွင်
10:03 am
(၁) (၂၉-၉-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်မှာ တိုင်းတာရရှိတဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၁)လက်မခွဲခန့် ရွာသွန်းခဲ့တဲ့ဒေသတွေ ကတော့ စစ်ကိုင်းတိုင်းအလယ်ပိုင်
(၂) (၂၉-၉-၂၀၁၃)ရက် ညပိုင်းအထိ ရေဖုံးလွှမ်းနှိုင်မှုအလားအလြာ
အရှေ့ဖက်မှာ ဒီနေ့(၃၀-၉-၂၀၁၃)ရက်ညပိုင်း
ဒေါက်တာထွန်းလွင်