Thursday, September 26, 2013

ပျက်စီးနေသည့် တံတားငယ်လေး အမြန်ပြုပြင်ပေးစေလို

0 comments
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ပင်ဝယ်ကျေးရွာ အုပ်စု ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားအမှတ်(၅/၁၅၅)သည် ပျက်စီး ယိုယွင်းနေသည်။ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးသည် အထက်မြန်မာပြည်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဆက်သွယ်ပေးထားသည့် အလွန်အရေးပါသော မော်တော်ကားလမ်းမကြီး ဖြစ်သည်။

လမ်းများ၊ တံတားများကောင်းမွန်လာပါက ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ပြီး မိမိသွားလိုသည့် ခရီးကိုလည်း အချိန်မီ ရောက်ရှိမည်ဖြစ်သဖြင့် မော်တော်ကားလမ်းမကြီးဘေးရှိ ကျေးလက်ဒေသ များမှာ ခေတ်မီဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်သည်။ ဤသို့ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေကြသည့် အချိန်တွင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး၏ အင်းတော်- နန့်စီးအောင် မော်တော်ကား လမ်းပိုင်းကိုလည်း ပြုပြင်ရန်လိုအပ်နေကြောင်း၊ မော်လူး-ပင်ဝယ်ကြားရှိ တံတားအမှတ် (၅/၁၅၅) ပျက်စီးယိုယွင်းနေသည်ကို မြင်တွေ့ရသည်မှာလည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြောင်း၊ တံတားကိုဖြတ် သန်းမောင်းနှင်နေ ကြသည့် မော်တော်ယာဉ် ကြီးများမှာလည်း တံတားကျိုးကျ မည့်အန္တရာယ်နှင့် အချိန်မရွေး တွေ့ကြုံနိုင်ကြောင်း၊ အချိန် ကြာမြင့်လာသည်နှင့် အမျှ တံတား၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်သဖြင့် အမြန်ပြုပြင်ပေးစေ လိုကြောင်း ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းမောင်းနှင်နေကြသည့် ယာဉ်မောင်း များ ပြောဆိုကြသည်ကို ကြားသိရသဖြင့် ထင်သာမြင်သာ ပြုပြင်နိုင်ရေး တင်ပြ လိုက်ရပေသည်။ 

နီတိုး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here