Sunday, September 29, 2013

Bobtail ပြည်ကြီးငါးတို့၏ သဘာဝ အလှတရားများ

0 comments



29.9.2013

Bobtail ပြည်ကြီးငါးများသည် မိတ်ဖက်ကို ဆွဲဆောင်ရန်နှင့် သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် အရောင်အပြောင်းအလဲများ ပြုလုပ်လေ့ရှိပြီး ယင်းစွမ်းရည်သည် ၎င်းတို့အား အဏ္ဏဝါ ရေပြင်၏ ထူးခြားလှပသည့် သက်ရှိများအဖြစ် ပုံဖော်ခွင့် ရစေခဲ့

Bobtail ပြည်ကြီးငါးတို့၏ သဘာဝ အလှတရားများ
Bobtail ပြည်ကြီးငါးများသည် ပင်လယ်သမုဒ္ဒရာများမှ သဘာဝ အလှတရားများအဖြစ် ရေအောက် ဓာတ်ပုံဆရာ တစ်ဦးက သက်သေထူ ပြသလိုက်သည်။ အဆိုပါ ပြည်ကြီးငါးများ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပါဝင်သည့် ထောင်နှင့်ချီသော ပြင်ပအရေပြားလွှာ ဆဲလ်များသည် အရောင်များကို အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိသည်။ ယင်းပြည်ကြီးငါးများသည် မိတ်ဖက်ကို ဆွဲဆောင်ရန်နှင့် သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် အရောင်အပြောင်းအလဲများ ပြုလုပ်လေ့ရှိပြီး ယင်းစွမ်းရည်သည် ၎င်းတို့အား အဏ္ဏဝါ ရေပြင်၏ ထူးခြားလှပသည့် သက်ရှိများအဖြစ် ပုံဖော်ခွင့် ရစေခဲ့သည်။ ရေအောက် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိသည့် တော့ဒ်ဘရတ်တဲလ်သည် ထိုပြည်ကြီးငါးများ၏ လှပသော ဓာတ်ပုံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။

တော့ဒ်သည် ဘာမြူဒါတွင် လှေတစ်စင်းဖြင့် လှည့်လည်ရင်း အဆိုပါ ပြည်ကြီးငါးများ၏ လှပဆန်းကျယ်သော အရောင်ပြောင်းလဲမှုများကို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ တော့ဒ်သည် ဒေသခံ ရေငုပ်သမားများကို အားကျစိတ်ဖြင့် ကိုယ်တိုင်လည်း ဝါသနာအလျှောက် ရေငုပ်ခဲ့သူ ဖြစ်သည်။ အသက်(၁၂)နှစ်သား ကတည်းက ရေအောက်သဘာဝနှင့် မစိမ်းတော့သည့် တော့ဒ်သည် (၂၀၀၈)ခုနှစ်တွင် ရေအောက် ကင်မရာ တစ်လုံးကို ဝယ်ယူကာ ပါလာအူတွင် ရေအောက် သက်ရှိများကို လိုက်လံ ဓာတ်ပုံရိုက်ခဲ့သည်။

Bobtail ပြည်ကြီးငါးများမှာမူ ကင်းမွန်များနှင့် ပုံစံဆင်တူပြီး စုပ်ခွက်ပါသည့် လက်တံ(၈)ခု ပါရှိသော သက်ရှိငယ်များ ဖြစ်ကြသည်။ ထို့အပြင် ရှည်လျားသည့် ဘဝဲလက်တံနှစ်ခုလည်း ပါရှိသည်။ ယင်းတို့သည် ပစိဖိတ် သမုဒ္ဒရာ ကမ်းဦးရေတိမ်ပိုင်းများနှင့် အိန္ဒိယ သမုဒ္ဒရာရှိ အချို့သော အစိတ်အပိုင်းများတွင် ပျံ့နှံ့နေထိုင်ကြသည်။ အဆိုပါ ပြည်ကြီးငါးများသည် ကင်းမွန်တို့ကဲ့သို့ပင် ရေယက်များဖြင့် ကူးခတ်နိုင်သလို ခန္ဓာကိုယ်အား အရှိန်မြှင့် တွန်းကန်လွှတ်ကာ လျင်မြန်စွာ ရွေ့လျားနိုင်စွမ်း ရှိကြောင်းလည်း သိရသည်။ 

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here