Monday, September 30, 2013

Burmese Python အမည်ဖြင့်ကျော်ကြားနေသ နှင့် MMA ၌ ရှုံးပွဲမရှိသေးသူ Jonavin Webbတို့ အောက်တိုဘာ ၂၆တွင် ထိုးသတ်မည်

0 comments

[မင်းသန့် ၊ စက်တင်ဘာ၂၉ ၊ ရန်ကုန် ]

ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ MMA တွင် Burmese Python အမည်ဖြင့် နာမည်ကြီးနေသည့် Aung La N Sang သည် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် Jonavin Webb နှင့် ထိုးသတ်ရန် စီစဉ်ထားကြောင်း သိရသည်။အသက် ၂၈ နှစ် ရှိပြီဖြစ် သည့် Aung La N Sangသည် MMA ၁၅ ပွဲ နိုင်ထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်ကာ အသက် ၂၄ နှစ်အရွယ်ရှိ Jonavin Webb မှာ MMA ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် ၄ လပိုင်းတွင် ရော်ဘတ်ဂစ်တန်း နှင့်ပွဲတွင် ထိုးသတ်ခြင်းဖြင့် ပရော် ဖက်ရှင်နယ် MMA ထိုးသတ်သူ အဖြစ် ဝင်ရောက်လာသူဖြစ်သည်။ Jonavin Webb သည် လက်ရှိအ ချိန်အထိ သုံးပွဲထိုးသတ်ခဲ့ပြီး သုံးပွဲ စလုံးကို အနိုင်ရရှိထားကြောင်း သိရသည်။

ယင်းပွဲနှင့် ပတ်သက်၍ Aung La N Sang က '' Webb နဲ့ ပွဲက အရမ်းကောင်းတဲ့ပွဲ ဖြစ်လာ လိမ့်မယ်လို့ထင်တယ်။ သူနဲ့ ထိုး သတ်ဖို့ ကျွန်တော့်မှာ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော့်မှာ ကောင်း မွန်တဲ့ အဖွဲ့အစည်းတစ်ခုရှိထား တယ်။ ကျွန်တော့် အားကစားခန်း မကိုလဲ တကယ်တော်တဲ့ ထိုးသတ် သူတွေ လာလေ့ကျင့်တယ်။ သူတို့ က ကျွန်တော် နေ့စဉ်နေ့တိုင်း တိုး တက်ဖို့ကူညီပေးတယ်''ဟု ပြော ခဲ့သည်။

ထို့အပြင် Aung La N Sang က MMA ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့်ပတ်သက် ၍ ၁၈ နှစ်အရွယ်တွင် အမေရိ ကန်သို့ရောက်ခဲ့ပြီး Elkridge တွင်ရှိသော Crazy 88 BJJ သင် တန်းကျောင်းတွင် ဘရာဇီးဂျူဂျစ် ဆု အားကစားနည်းအား လေ့လာ ခဲ့ကြောင်း၊ ယင်းတွင်လေ့ကျင့်ပြီး လအနည်းငယ်အကြာတွင် MMA လောကထဲသို့ ကူးပြောင်းလာခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ် ကတည်းက ယင်းအားကစားနည်း အား အလွန်သဘောကျခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

Aung La N Sang ဖြင့် ၎င်း၏ MMA ဖိုက်တာက စားသမားဘဝအစမှာ တာထွက် မလှခဲ့ဘဲ အမှားများကြောင့် ရှုံး နိမ့်ခဲ့ပြီး ယင်းနောက်တွင် အမှား များကို သင်ခန်းစာယူနိုင်ခဲ့သည့် အတွက်ကြောင့် နိုင်ပွဲများပြန်လည် ရယူနိုင်ခဲ့သည်။ ၎င်း၏ ပထမဦး ဆုံးပွဲ ရှုံးနိမ့်ပြီးနောက် လေးပွဲကို အနိုင်ရခဲ့သည်။ Aung La N Sang ၏ အကောင်းဆုံး ပွဲရလဒ် မှာ Jeus Martinez အား ၃၆ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲဖြစ် ကြောင်းသိရသည်။
ရှုံးပွဲများနှင့်ပတ်သက်၍ Aung La N Sang က''ကျွန်တော့် အနေနဲ့ ပွဲတွေရှုံးခဲ့တယ်ဆိုရင် တောင် ရှုံးနိမ့်ခဲ့တယ်လို့ မထင် ဘူး။ ဒီအရှုံးတွေကို အတွေ့အ ကြုံရတယ်လို့ ယူဆထားတယ်'' ဟု ပြောခဲ့သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here