Saturday, October 12, 2013

ကေအိုင်အေ (ကချင်) အဖွဲ့မှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဖမ်းဆီး ခေါ်ဆောင် ….

0 comments

Saturday, October 12, 2013

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ရှအစ်ချောင်းများသို့ အောက်တိုဘာ ၃ရက် ည၁၀နာရီ ခန့်တွင် ကေအိုင်အေ ကချင် လက်နက်ကိုင် အဖွဲ့ ရောက်ရှိ လာပြီး ရွှေလုပ်ငန်း လုပ်ကိုင်သူ ကျား (၇၇)ဦး၊ မ (၃)ဦး ပေါင်း(၈၀)ဦး အား ရွှေမှော်မြောက်ဘက် တောင်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင် သွားသူများအား ကေအိုင်အေ ကချင်အဖွဲ့ ဗိုလ်အဆင့်ရှိသူမှ ကေအိုင်အေ ကချင်အဖွဲ့မှ ထွက်ပြေးလာသူများ ရှိမရှိ စစ်ဆေး ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ကချင်တိုင်းရင်းသားများ မပါရှိဘဲ ရှမ်း၊ ဗမာ လူမျိုးများသာ တွေ့ရှိသဖြင့် ဖမ်းဆီးခံရသူများအား တစ်ဦးလျှင် ငွေ ကျပ်၂သိန်းပေးမှသာ ပြန်လွတ်ပေးမည်ဖြစ်ကြောင်း ကေအိုင်အေ အရာရှိမှ ပြောကြား ပါသည်။

ရွှေကျင်းပိုင်ရှင်များ ဖြစ်ကြသော ဦးအောင်နှင့် ဦးမောင်နိုင်တို့မှ အလုပ်သမားများထံ ငွေမရှိကြောင်းနှင့် အားလုံးအတွက် ငွေ ကျပ်(၁၀)သိန်းသာ လက်ခံပေးရန် ပြောဆို တောင်းပန်ခဲ့သဖြင့် အောက် တိုဘာလ ၄ရက် ညနေ ၅နာရီ အချိန် တွင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here