Monday, October 28, 2013
တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းအနီးတွင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား စစ်ရေးပြပွဲ
Categories :
Monday, October 28, 2013
တောင်ကိုရီးယားဘက်မှ Dokdo ကျွန်းဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု ခေါ်ဝေါ်သည့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစု အနီးတွင်တောင်ကိုရီးယားဘက်မှ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံသည် ဒေသတွင်း စစ်ရေး မဟာမိတ် အုပ်စုများ ဖြစ်သော်လည်း အဆိုပါ ကျွန်းစုပိုင်ဆိုင်ရေးအတွက်မူ နှစ်ရှည်လများအငြင်းပွားလျှက်ရှိသည်။စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား ရေတပ်၏ Underwater Demolition Team မှ တိုက်လေယာဉ်များ ၊ ဖျက်သင်္ဘောများ ပါဝင်သည်။ “Dokdo Day” ဟု သတ်မှတ်ထားသည့် အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲသည် Dokdo ကျွန်းအား မည်သည့် နိုင်ငံခြား တပ်ဖွဲ့မျှ ခြေချခွင့်မပြုနိုင်ကြောင်း သတိပေးသည့် အနေဖြင့် လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့် မှုလည်း ဖြစ်ကြောင်း စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့သည်။
http://uk.reuters.com/article/2013/10/25/uk-japan-korea-south-idUKBRE99O...
MRTV-4
←
တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဆန်ခါတင် စာရင်းထုတ်ပြန်
ချယ်ဆီးအသင်းကို ရှုံးနိမ့်မှုနှင့် ပါတ်သက်ပြီး ဝေဖန်ခံနေရသည့် ဂျိုးဟတ်
→
Subscribe to:
Post Comments (Atom)