Monday, October 28, 2013

ချယ်ဆီးအသင်းကို ရှုံးနိမ့်မှုနှင့် ပါတ်သက်ပြီး ဝေဖန်ခံနေရသည့် ဂျိုးဟတ်

0 comments

Monday, October 28, 2013

မန်ချက်စတာစီးတီး ဂိုးသမား ဖြစ်သူ ဂျိုးဟတ်ဟာ ချယ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှာ ပြုလုပ် ခဲ့သည့် အမှားအတွက် ဝေဖန်ပြစ်တင်မှုများ ခံနေရသည်။ ဒေလီမေးလ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် လီဗာပူးလ် ကစားသမားဟောင်း ဂျေမီ ရက်က်နပ်က အပြစ်တင်ဝေဖန်လိုက်သလို မန်စီးတီး မန်နေဂျာ ဖြစ်သူ ပယ်လီဂရီနီကလည်း သူ့အသင်းသားဖက်မှ ကာကွယ် ပြောဆိုခြင်း မရှိခဲ့ပေ။

ဂျေမီ ရက်က်နပ်က “စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီးအသင်းအနိုင်ရခဲ့တဲ့ပွဲမှာ အပြစ်တင်စရာ တစ်ယောက်တည်းပဲ ရှိပါတယ်။ အဲဒါ ဂျိုးဟတ်ပါ။ အဲဒါကို သူကိုယ်တိုင် အဖြေရှာဖို့ လိုပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုက ဒီရလာဒ်ရဲ့ အဓိက အကြောင်းအရာပါပဲ။” ဟု ပြစ်တင် ရေးသားခဲ့သည်။

အပြစ်တင်မှုများ ခံနေရသည့် ဂိုးသမား ဂျိုးဟတ်ကို အသင်းနည်းပြဖြစ်သူ ပယ်လီဂရီနီကလည်း ကာကွယ်မပေးခဲ့ပေ။ ဂျိုးဟတ်အနေနဲ့ မန်စီးတီး အသင်း၏ ပထမဂိုးသမား နေရာမှာ ဆက်လက် ရပ်တည်နိုင်မည်လားဟု သတင်းသမားများက မေးမြန်းရာမှာ ပယ်လီဂရီနီက “မနက်ဖန်က စပြီး အရာရာကို ဘယ်လို စီစဉ်ရမလဲ ဆိုတာ အကောင်းဆုံး နည်းလမ်းတွေ ကျနော်တို့ ရှာဖွေသွားမှာပါ။ အဲဒီဂိုးအကြောင်း ပြောရမှာလား?? ကျနော် အဲဒါကို ပြောမှာ မဟုတ်ပါဘူး။ ကျနော့် ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကို မှတ်ချက်ပေးရမှာလား ?? ကျနော် ထပ်ပြောပါမယ်။ ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ချက်ကို စိစစ် ဝေဖန် ပိုင်းခြားတာကို ကျနော် ကစားသမားတစ်ဦးချင်းစီနဲ့ပဲ လုပ်ပါမယ်။”

“သူ့ကိုယ်သူ ယုံကြည်မှု ရှိသေးရဲ့လားဆိုတာ ဖြေရမှာလား??အဲဒါကိုတော့ သူ့ကို သွားမေးပါ။ ကျနော်တို့ အဓိပ္ပါယ်မဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ကျနော်တို့ ရှုံးနိမ့်ခဲ့ရတဲ့ အဝေးကွင်း ၃ ပွဲမှာပြိုင်ဖက်တွေ သွင်းယူသွားတဲ့ ဂိုးတွေနဲ့ ပါတ်သက်ပြီး ကျနော်တို့မှာ တာဝန်ရှိနေပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အမှားပြုလုပ်မှုပေါင်း ၈ ကြိမ် တိတိ ရှိခဲ့ပြီ ဖြစ်သည်။ ဆောက်သမ်ပ်တန်၊ ကာဒစ်ဖ်၊ ဝက်စ်ဟမ်း၊ စကော့တလန်၊ အက်စ်တွန်ဗီလာနှင့် ချယ်ဆီးပွဲစဉ်များမှာ အမှားတစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ခဲ့သည့် ပွဲစဉ်မှာ ၂ ကြိမ်တိုင်တိုင် ဆုံးဖြတ်ချက်အမှားများ ပြုလုပ်ခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here