Thursday, October 10, 2013
ပညာရေးအခန်းကဏ္ဍပြောင်းလဲရာတွင် ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုများပြောင်းလဲရန်လိုအပ်
Categories :
မြန်မာနိုင်ငံ၏ ပညာရေးအခန်း ကဏ္ဍကိုပြောင်းလဲရာတွင် ပညာရေးဆိုင် ရာ စီမံခန့်ခွဲမှုများကိုပါ ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရေးတက္ကသိုလ် (အငြိမ်းစားပါမောက္ခချုပ်) Ph.D ဒေါက်တာခင်ဇော်ထံမှ သိရသည်။
''ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိညာဉ်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကို အဆင့်မြင့်ပြုပြင်ပြောင်းလဲ တဲ့နေရာမှာ စနစ်တွေက အဆင့်ဆင့်မှာ လျော့တိလျော့ရဲဖြစ်နေတယ်။ ဒါတွေက ပြင်ဆင်တဲ့နေရာမှာ အရေးကြီးအချက် ထဲမှာပါဝင်တယ်'' ဟု ဒေါက်တာ ခင်ဇော်ကပြောသည်။ ပညာရေးအခန်း ကဏ္ဍပြုပြင်ပြောင်းလဲရာမှာ ဦးစွာပထမ အချက်အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရ မည်ဖြစ်ပြီး မိသားစုမှ စိုက်ထုတ်ရသော ပညာရေးစရိတ်ကို လျှော့ချနိုင်အောင် ကူညီပေးရန်လိုအပ်ကြောင်း ဆိုသည်။
''မြန်မာမှာက ဆင်းရဲတယ်ဆိုရင် ပညာရေးကို အလေးမပေးနိုင်တော့ဘူး။ နိုင်ငံတော်က ဆင်းရဲမွဲတေမှုလျှော့ချဖို့ လုပ်နေပေမယ့် သိပ်မထိရောက်သေးဘူး။ ပြီးတော့ ခုနိုင်ငံတော်ကကျောင်းထောက် ပံ့စရိတ် ကျပ် ၁ဝဝဝ ပေးနေတာတော့ရှိ တယ်။ ဒီထက်ပိုထောက်ပံ့နိုင်အောင် လုပ်ရမယ်''ဟု ပါမောက္ခ ဒေါက်တာ ခင်ဇော်က ပြောသည်။ ယခုလ ၇ ရက် က နေပြည်တော်၌ကျင်းပခဲ့သော ပညာ ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာဆွေးနွေး ပွဲမှာ နိုင်ငံတော်
သမ္မတဦးသိန်းစိန်က နိုင်ငံ့ဖွံ့ဖြိုးမှု၏အဓိကမဏ္ဍိုင်ဖြစ်သောပညာရေးကိုမိမိတို့ယခုအခြေအနေ လောက်နှင့် ကျေနပ်၍
မဖြစ်ပါကြောင်း၊ နိုင်ငံတကာစံမီပညာရေးဖြစ်ရေးစဉ်ဆက် မပြတ်ဆောင်ရွက်နေရန်
လိုအပ်ပါကြောင်း ပြောခဲ့သည်။
''တိုင်းပြည်၏ပညာရေးစနစ်သည် ခေတ်မီဖို့လိုအပ်နေသေးတယ်။၊ မြန်မာ
ပြည်၏လက်ရှိပညာရေးစနစ်သည် နိုင်ငံ တကာစံနှုန်းနှင့်ယှဉ်လျှင် များစွာလိုသေး တယ်။ ခေတ်နဲ့အညီ အမီပြောင်းလဲဖို့ကို လုပ်ကိုလုပ်ရမယ်''ဟု ပါမောက္ခ ဒေါက် တာခင်ဇော်ကဆိုသည်။ ထို့အပြင် မြန်မာ နိုင်ငံပညာရေးတွင် စာမေးပွဲစစ်ဆေးမှု သည် များစွာလိုအပ်ချက်ရှိပြီး အရေ အတွက်ကို ဦးစားပေးနေသေးကြောင်း သိရသည်။''ခေတ်မီတဲ့စစ်ဆေးမှုလိုနေ တယ်။အတန်း
တင်စာမေးပွဲမှမဟုတ်ဘူး။ Chapter text တွေ၊ကျူတိုရီယယ်တွေ အပါအဝင်ကိုပြောတာ''ဟု ဒေါက်တာ ခင်ဇော်က ၄င်း၏အမြင်ကို ဆိုသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေး နွေးပွဲမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လည်း အမျိုးသားတိုးတက်မှု၏ အခြေခံအုတ်မြစ်သည်ပညာရေးဖြစ်ခြင်းကြောင့် ရှေ့ဆက်ဖော်ဆောင်ရမည့် မြန်မာ့အမျိုးသားပညာရေး သည် မူဟန်မယွင်းဖွံ့ဖြိုး တိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိ သည့် ပညာရေး (Education for Sustainable Development) ဆိုသည့် နိုင်ငံ တကာအဆင့်မီခေတ်မီပညာလမ်းကြောင်းပေါ်တက်ပြီး လျှောက်လှမ်းနိုင်မည့် ပညာ ရေးဖြစ်ရန်ပြောကြားခဲ့သည်။
''မြန်မာပြည်ရဲ့ပညာရေးမှာ အရေ အတွက်သဘောအရကြည့်ရင် အရမ်း များနေတယ်။ အရည်အချင်းကို ဦးစား မပေးဘူး။ ဒါကပြောင်းကိုပြောင်းရမယ့် အချက်''ဟု ဒေါက်တာခင်ဇော်က ပြော သည်။ ယခုနှစ်ဘတ်ဂျက်တွင် ပညာရေး ပြုပြင်ပြောင်း လဲရေးအတွက်၊ ပညာရေး အခန်းကဏ္ဍအတွက် တိုးမြှင့်လိုက်သော် လည်း သုံးစွဲသည့်စနစ်များ လွဲမှားနေ သေးကြောင်း၊ အခြေခံကိုခိုင်မာအောင် ပြင်ဆင်ရမည်ဖြစ်သလို အမှန်တကယ် လိုအပ်သည့်နေရာများတွင်သာ သုံးစွဲရန် ခိုင်မာသည့် စီမံခန့်ခွဲမှုလိုအပ်ကြောင်း ၄င်း၏အမြင်ကိုပြောသည်။
ထို့အပြင်သမ္မတဦးသိန်းစိန်ကလည်း လက်တွေ့ကျသောပညာရေးပြုပြင်ပြောင်း လဲမှုဆိုင်ရာဆွေးနွေးပွဲ တွင် ပညာရှင်ကြီး များကိုစုစည်းပြီး ချက်ချင်းဆောင်ရွက် ရမည့်လုပ်ငန်းနှင့် ရေရှည်ဆောင်ရွက်ရ မည့်လုပ်ငန်းဟူ၍ Action Plan များ ရေး ဆွဲရန်
မြန်မာ့ပညာရေးမြှင့်တင်ရေးအဖွဲ့ အစည်းတစ်ခုကို ဖွဲ့စည်းပြီးအကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းပြောခဲ့ သည်။
The Union Daily
Subscribe to:
Post Comments (Atom)