Thursday, October 10, 2013

အင်ဒိုနီးရှားပြန်ရေလုပ်သားများအား မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ငွေကျပ်သိန်းသုံးဆယ်နီးပါးကူညီ

0 comments


10.10.2013

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအဖွဲ့ချုပ်၏ရန်ပုံငွေကျပ်သိန်းသုံးဆယ်နီးပါးအင်ဒိုနီးရှား နိုင်ငံမှပြန်ရောက်
လာသည့် ရေလုပ်သား ၄ဝကို ကူညီခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဆာဗန်းဆိပ်ကမ်း၌ မြန်မာရေလုပ်သား ၄ဝ မှာ လူကုန်ကူးမှုဖြင့် ထိုင်းနိုင်ငံငါးဖမ်းလှေ များတွင် အလုပ်လုပ် ကိုင်နေရပြီး သက်ဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးဌာန များက ညှိနှိုင်းမှုများပြုလုပ်၍ ယခုလဒုတိယပတ် အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ပြီဖြစ်သည်။

''သင်္ဘောသား ၄ဝ ပြန်ရောက်လို့ရှိရင် လေဆိပ်ကနေ သက်ဆိုင်ရာနေရာဒေသကို ကားတွေနဲ့ အသီးသီးပြန်ပို့မှာဖြစ်ပါတယ်။အဲဒီ့ အတွက် သွားရေးလာရေးကိစ္စကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ရန်ပုံငွေထဲကနေ ငွေကျပ် ၂၉၉၅ဝဝဝ ကိုလှူဒါန်းပြီး သူတို့နေရပ်ဒေသ ကို ပြန်ပို့မှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဦးဟန်ထွန်းကပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဆာဗန်းဆိပ်ကမ်းမှ ပြန် လည်ရောက်ရှိလာမည့်ရေလုပ်သား ၄ဝ မှာ ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here