Tuesday, October 15, 2013

ခြံစောင့်ဇနီးမောင်နှံအသတ်ခံရမှုဖြစ်ပွား

0 comments
တောင်ငူ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာအုပ်စု ကျွဲမကူးရွာ ပျဉ်းကတိုးစိုက်ခင်းတွင် ခြံစောင့်ဇနီးမောင်နှံနှစ်ဦး ဓားဖြင့် ခုတ်သတ်ခံရမှု အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါစိုက်ခင်းတွင် စိုက်ခင်းစောင့် အလုပ်လုပ်ကိုင်ကြသည့် ခင်တန်းကြီး ကျေးရွာအုပ်စု ကျွဲမကူးရွာနေ ဦးဇော် မင်း (၅၆)နှစ်မှာ ဦးခေါင်းမရှိတော့ သည့် လည်ပင်းပြတ်ဒဏ်ရာဖြင့် လည်းကောင်း၊ ၎င်း၏အနီးတွင် ဇနီးဖြစ်သူ ဒေါ်တင်ရွှေ အသက်(၅၅)နှစ်သည် ဝဲဝမ်းဗိုက်နံဘေးထိုးသွင်း ဒဏ်ရာတစ်ချက် အူထွက်လျက် သေဆုံးနေသည်ကို ရွာသား ဇော်နိုင် ဦး၏ တရားလိုပြုတိုင်တန်းချက်အရ ဖြူးမြို့မရဲစခန်းက (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှု မှန်ပေါ်ပေါက်ရေးစုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

(ကျော်လှ-တောင်ငူ)
သတင်းနှင်. စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here