ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင်
ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင်
”မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။
၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခ အသွင်ဆောင်စကားလုံးများပါဝင်သည်
မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင် ရွက်ပေးနိုင် ရန်အတွက် ဖြစ် သည်ဟု သိရသည်။
ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာ များ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလို အလျောက် ထောက်လှမ်း ရှာဖွေနိုင်သည့် စနစ် တပ် ဆင်ထားသည်ဟု လည်း သိရသည်။
”သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ် ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိ ပါက ဖေ့စ် ဘွတ် မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။
သုတလင်း