Wednesday, October 30, 2013

မူဆယ်မြို့ အေးရှားဝေါလ်ဂိတ်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းဆီးရမိ

0 comments

30.10.2013

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အထွက် အေးရှားဝေါလ်ဂိတ်၌ အောက်တိုဘာ ၂၉ ရက်နေ့ ည ၉ နာရီခန့် တွင် မူဆယ်မူးယစ်(အထူး)အဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဖြတ်သန်းသွားလာနေသော ယာဉ်များအား ရှာဖွေ စစ်ဆေးစဉ် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့မှ ဂိတ်၌ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ကွတ်ခိုင်မြို့မှ မူဆယ်မြို့သို့ ယာဉ်မောင်း အောင်ဝင်း(ခ) လျိုဖာဟိုက် မောင်းနှင်လာသော ယာဉ်အမှတ်၊………. SURF ငွေမှင်ရောင် (လိုင်စင်မဲ့)အား ရပ်တန့်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များ သိမ်းဆည်းရမိခဲ့ခြင်းဖြစ် သည်ဟု မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် စိုးအောင် က ပြောပြသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားပါ အပြာရောင်ကပ်ခွာအိတ်(၁၀)ထုတ်စီး (၂၀)ထုပ်၊ စုစုပေါင်းဆေးပြား(၃၉၀၀၀)ပြား၊ ကာလတန်ဖိုး ကျပ်သိန်း (၇၈၀)ခန့်ဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ M-22 ပစ္စတို ၁ လက်၊ ကျည်ကဒ် ၁ ခု၊ ကျည် ၆ တောင့် တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောပြသွားခဲ့သည်။
အဆိုပါ တရားခံအား မူဆယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here