Thursday, October 31, 2013
မျောက်ပြ ဆန်တောင်းတဲ့အလုပ်နဲ့ အင်ဒိုနီးရှား
Categories :
Thursday, October 31, 2013
အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမြင်ကွင်းကနေ လမ်းဘေး မျောက်ပွဲတွေပျောက်ကွယ်သွားစေဖို့ အစိုးရက အကောင်အထည် ဖော်နေပါပြီ။
သွားရောက်စီးနင်းဖို့ ဂျကာတာ ပြည်နယ် အုပ်ချုပ်ရေးမှူးဆီက အမိန့်ထွက်ထားတယ်၊သူ့သဘောကတော့ ဒီမျောက်တွေကို လူမြင်ကွင်းကနေ လာမယ့်နှစ်မှာအပြီးဖယ်ရှားအောင် ပြုလုပ်ခြင်းပါပဲ။
မျောက်ပွဲတွေဖယ်ရှားတဲ့အတွက်ကြောင့်တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်ခြင်းကိစ္စရပ်တွေ လျော့နည်းပပျောက်မယ်၊ မျောက်ကနေ ကူးစက်ရောဂါပျံ့တာလည်း လျော့နည်း ပပျောက်မယ်လို့ ပြည်နယ်မှူးက ဆိုတယ်။
မျောက်တကောင်ကို ဒေါ်လာ ကိုးဆယ် (US$90) နဲ့ ၀ယ်မယ်၊ သူတို့အတွက် ဂျကာတာ Ragunan တိရစ္ဆာန်ရုံမှာ သူတို့အတွက် နေရာ လုပ်ထားပြီးပြီ၊ မျောက်ပြဆန်တောင်းနေသူတွေကိုလည်း အလုပ်အကိုင်သစ် ရှာဖွေရေး စီစဉ်ပေးမယ်ဆိုပဲ။
လမ်းဘေးမျောက်ပွဲများ အဆုံးသတ်ရေးကို တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အဖွဲ့များက တောင်းဆိုတာ ကြာပါပြီ တဲ့။ မျောက်ဆရာများကမျောက်တွေကို ဘယ်လို ဘယ်လို ထိန်းချုပ်ထားတယ် ဆိုတာကို သတင်းတနေရာမှာ အသေးစိတ် ရေးထားပါတယ်။
ဂျကာတာမြို့တော်ကြီးမှာလမ်းဘေးအသုံးတော်ခံဘ၀ ရောက်နေတဲ့သံကြိုးတန်းလန်းနဲ့မျောက် ကောင်ရေ ၃၅ဝ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းသူက ခန့်မှန်းပါတယ်။ဟိုနေရာလည်း မျောက်ပွဲ၊ ဒီနေရာလည်း မျောက်ပွဲ
ဖြစ်နေမယ် ထင်ပါရဲ့။
အနောက်ဂျာဗားပြည်နယ်ထဲက Bandung မြို့မှာလည်း မျောက်ပြဆန်တောင်းခြင်းဘိဇနက်ကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီblog
Subscribe to:
Post Comments (Atom)