Wednesday, October 2, 2013

နာပိုလီနှင့်ပွဲတွင် အာဆင်နယ် အနေဖြင့် ထူးထူးချွန်ချွန် ကစားနိုင်ခဲ့ကြောင်း ဝင်းဂါးချီးကျူး

0 comments

နာပိုလီကို အနိုင်ရသော ပွဲစဉ်တွင် မိမိတို့အသင်း ထူးထူးချွန်ချွန် ကစားနိုင်ခဲ့ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

ဝင်းဂါးသည် အာဆင်နယ် မန်နေဂျာသက်တမ်း (၁၇)နှစ်ပြည့် အမှတ်တရ ကာလတွင် အမ်းမရိတ်စ်၌ အီတလီထိပ်တန်း ကလပ်အသင်းကို (၂-၀)ဖြင့် အနိုင်ရရှိသည့် ချိုမြိန်သော ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ဝင်းဂါးက "အသင်းကစားပုံ သိပ်ကောင်းပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ကျွန်တော့် အနေနဲ့ ကစားသမားတွေဟာ မြန်နှုန်းရော၊ နည်းစနစ်ပိုင်းမှာပါ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တိုက်စစ်ကို တိုက်ရိုက်ပံ့ပိုးပြီး လှပတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ကစားပုံ ပိုကောင်းပြီး ဒုတိယပိုင်းကိုတော့ ပိုပြီးတည်ငြိမ်ရင့်ကျက်တဲ့ ပုံစံနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ တိုက်စစ်ကို သိပ်မလိုက်ဘဲ သတိထားပြီး အမှားကင်းအောင် ကစားနိုင်ခဲ့တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင်တော့ သိပ်ကို ထူးချွန်တဲ့ စွမ်းဆောင်မှုပါပဲ"ဟု ချီးကျုး ညွှန်းဆိုသွားသည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here