Wednesday, October 2, 2013
၎ ပွဲပယ် ခံရမည့် အရေးမှ လွတ်မြောက်ခဲ့သည့် တောရက်စ်
Categories :
ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်သည် စပါး အသင်းနှင့် ပွဲမှ ထုတ်ပယ်ခံရမှုအတွက် ၄ ပွဲပယ် ခံရမည့် အရေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဝေးကွင်း ပွဲစဉ်တွင် ချဲလ်ဆီး အသင်းမှာ အိမ်ရှင် စပါး အသင်းကို တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့ပြီး တောရက်စ်မှာ စပါးမှ ဗာတွန်ဂါဟမ်ကို ရန်မူ တိုက်ခိုက်သလို ရှိခဲ့၍ ယခုလို ထုတ်ပယ် ခံရခြင်း ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ယင်း ဖြစ်ရပ်ကို ကွင်းလယ်ဒိုင် မိုက်ဒင်း အနေဖြင့် မြင်တွေ့ခြင်း မရှိခဲ့ဘဲ ၎င်း၏ လက်ထောက် အကူဒိုင် ဖြစ်သူ ဂျက်ကောလင်းမှ မြင်တွေ့ခဲ့ပြီး ယင်း အနေအထားအရ FA မှ စည်းမျဉ်းများ သုံးသပ်ရာတွင် တောရက်စ် အနေဖြင့် နောက်ထပ် အပိုဆောင်းတစ်ပွဲ ပယ်ခံရခြင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ စပါး အသင်းနှင့် တစ်ဘက်တစ် ဂိုးစီ သရေကျခဲ့သော အဝေးကွင်း ပွဲစဉ်တွင် ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်သည် ၂ ၀ါ ၁နီ ဖြင့် ထုတ်ပယ်ခံရခြင်းကြောင့် တစ်ပွဲသာ ပယ်ခံရမည် ဖြစ်ပြီး စနေနေ့ နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်ကို သေချာပေါက် လွဲချော်မည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)