Wednesday, October 30, 2013

မေတ္တာလှိုင်းယာဉ်လိုင်းမှ ယာဉ်မောင်း၅၀ကျော် တာဝန်မှရပ်ဆိုင်း

0 comments
FROM : People power
30.10.2013

မေတ္တာလှိုင်းယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်မောင်းလုပ်သား၅၁ဦးကို အလုပ်မှ ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါယာဉ်လိုင်း ကုမ္ပဏီဖြစ်သည့် ဘက်စုံမြင်ကွင်းကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။အဆိုပါ မေတ္တာလှိုင်းယာဉ်လိုင်း အမှတ်၅လိုင်းမှ ယာဉ်၁၇စီးမှ လုပ်သား၅၁ဦးကို တာဝန်မကျေပွန်မှုနှင့် ခရီးသည်များကိုဈေးနှုန်းပိုမိုတောင်းခံခြင်း စသည့်အချက်များကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ၎င်းက ပြောကြားသည်။မေတ္တာ လှိုင်း ယာဉ်လိုင်း ၅ မှ ၀န်ထမ်းများသည် ကားအား အချိန်မှန်မှန်မထွက်ခြင်း၊ ကားစက်ချို့ယွင်းခြင်းနှင့် ကား
တာယာများကို ကုမ္ပဏီမှ လဲလှယ်ပေးသော်လည်း ၎င်းတို့အနေဖြင့် ကုမ္ပဏီမှ ပေးအပ်ထားသော တာဝန်များကိုကျေပွန်စွာ မထမ်း ဆောင်နိုင်ခြင်းတို့ကြောင့် အလုပ်မှ အနားပေးလိုက်ခြင်းဖြစ်ကြောင်း ဘက်စုံမြင်ကွင်းထံမှ သိရသည်။

ယာဉ်မောင်းများကို သတ်မှတ်ကြေးမရှိဘဲ ငွေပြန်အပ်ခိုင်းစဉ် တစ်ရက်လျှင် ကျပ်ရှစ်သောင်း ၀န်းကျင်သာ အပ်နှံကြောင်း ထိုအပ်နှံငွေထက် ပိုရရှိသော်လည်း မအပ်နှံကြောင်း၊မေတ္တာလှိုင်း ယာဉ်လိုင်းများမှ ယာဉ်မောင်းတစ်ဦး၏ လစာလေးသိန်းငါးသောင်း ပေးထားပြီး၊ ယာဉ်နောက်လိုက်
တစ်ဦး၏ လစာ နှစ်သိန်းနှစ်သောင်းငါးထောင် ပေးထားကြောင်း ဘက်စုံမြင်ကွင်းကုမ္ပဏီမှ သိရသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို တစ်လတာကား၏ ၀င်ငွေသုံး ဆယ်ရာခိုင်နှုန်း လစာ ပေးမည်ဖြစ်ကြောင်း၊ ယာဉ် လုပ်သားများအနေ ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါက ယာဉ်လုပ်သားများ၏ အကျိုးခံစားခွင့် များစွာရှိနိုင်ကြောင်း၊နောက်ပိုင်းတွင် မေတ္တာလှိုင်း ၅ တွင် ယာဉ်အစီးရေများ ဆက်လက်တိုးရန်ရှိကြောင်း ဘက်စုံမြင်ကွင်းကုမ္ပဏီမှ သိရသည်။

သတင်းရေးသားသူ- ဇော်မျိုး
တည်းဖြတ် နီတိုး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here