Thursday, October 31, 2013

အမျိုးသမီးများ၏ ခေါင်းဆောင်နိုင်မှု အဟန့်အတားများကို သုတေသနပြုလုပ်မည်

0 comments
31.10.2013

ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများ၏ ခေါင်ဆောင်နေမှု အခြေအနေများနှင့်ရင်ဆိုင်ရသည့် အဟန့်အတား များအားသုတေသနပြုလုပ်သွားရန်ရှိကြောင်း နှစ်ရက်တာကျင်းပသည့် ဒုတိယအကြိမ်အမျိုးသမီးဖိုရမ် က ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ပြုလုပ်နေသော “အမျိုးသမီးတို့၏အသံ” ဖိုရမ်အပြီးတွင် လူပေါင်း ၃၀၀ ခန့်က စုပေါင်း၍ သဘောထားတောင်းဆိုချက်တစ်ခု ယနေ့ထုတ်ပြန်လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်သည်။

အဆိုပါဖိုရမ်အားယခုလ၂၉ရက်မှ၃၀ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊အမျိုးသမီးနှင့် နိုင်ငံ

 ရေးကဏ္ဍ၊ အမျိုးသမီးနှင့် စီးပွားရေးကဏ္ဍ၊အမျိုးသမီးနှင့် လူမှုရေးနှင့် မီဒီယာကဏ္ဍစသည့် ခေါင်းစဉ်များ အား ထိုနယ်ပယ်များမှ ကျွမ်းကျင်သူ ၁၄ ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် ကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်စေရန် စီဒေါ စာချုပ်ပါ အပိုဒ် ၄ အရ အစိုးရအနေဖြင့် ယာယီအထူးပြုလုပ်ချက်များ ချမှတ်လုပ်ဆောင်ရန်၊ အမျိုးသမီး များပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး ဥပဒေကို နိုင်ငံတကာစံချိန်များနှင့်အညီ ပြည်သူများ လည်းပါဝင်ပြီး ဥပဒေကြမ်းဖြစ်သည့်အထိ လုပ်ဆောင်ရန်၊ တည်ဆဲဥပဒေများနှင့် ပြဋ္ဌာန်းချက်များအတွင်း မှ အမျိုးသမီးများ၏ ဦးဆောင်မှုကို အဟန့်အတားဖြစ်သော ရည်ညွှန်းဖော်ပြချက်များအား သုံးသပ်ပြင် ဆင်ရန် စသည့်အချက်များအပါအ၀င် အချက်ခြောက်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုတောင်းဆိုချက်များအတွက် အမျိုးသမီးဖိုရမ်အနေဖြင့် လွှတ်တော်တွင် အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေများနှင့် မူဝါဒများကို ပါတီစွဲမရှိ ဆောင်ရွက်နိုင်မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ကို ဖွဲ့စည်းနိုင်ရေး၊ အမျိုးသမီးများအပေါ် လွဲမှားစွာသတ်မှတ်ထားသော အယူအဆများအား ပပျောက် စေရန် မီဒီယာများနှင့် အနုပညာရှင်များအား ပညာပေးခြင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများအား ပညာ ပေးရန်ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဖိုရမ်အား နိုင်ငံရေးကဏ္ဍ၊ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသည့်ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများနှင့် တိုးတက်မြင့်မားလာစေရန်၊ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NAPAW) အား စီဒေါစာချုပ်၊ ဘေဂျင်းလုပ်ငန်းစီမံချက်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)တို့နှင့်ကိုက်ညီမှုရှိသော အခြားလှုပ်ရှားမှုများကိုပါ ထိရောက် စွာဖော် ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ပိုမိုခိုင်မာသောအမျိုးသမီးကွန်ရက်များ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမျိုးသမီးဖိုရမ်မှ ကြေညာခဲ့သည်။

အမျိုးသမီးအဖွဲ့ပေါင်း ၁၉ ဖွဲ့ နှင့်အတူ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ သတင်းမီဒီယာ များမှ အမျိုးသမီးများက ၀င်ရောက် ဆွေးနွေးခဲ့သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here