Wednesday, October 23, 2013

ရှမ်းမြောက်ပိုင်းတွင် ဖွဲ့စည်းပုံပြင်ရန် ခရိုင်သုံးခု သဘောတူ

0 comments
23-10-2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံကောက်ယူရာ ရှမ်းမြောက်ပိုင်းခရိုင် သုံးခုတွင် ပြင်ဆင်ရန်အတွက် သဘောတူကြောင်း သဘောထားအမြင်များကို ရှမ်းပြည်နယ်တွင် လိုက် လံကောက်ခံသူNLD၏ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ဦးထွန်းထွန်းဟိန်က အောက်တိုဘာ၂၂တွင်

 ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို ရှင်းလင်းပေးခြင်း၊ သဘောထားအမြင် ကောက် ခံခြင်းများကို NLD က အောက်တိုဘာ ဒုတိယအပတ်အတွင်းတွင် တိုင်းနှင့် ပြည်နယ်များတွင် စတင် ကောက် ခံ ခဲ့ရာ လက်ရှိ ကောက်ခံရသည့် အခြေအနေမှာ ပြင်ဆင်ရန် ရာခိုင်နှုန်း ပိုများနေသည် ဟုလည်း NLD မှ သိရသည်။

ရှမ်းမြောက်ပိုင်းတွင် သဘောထားကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဟိန်က “ပြင်ဆင်မယ်ဆို ရင် ဘယ်လို ကျေးဇူးတွေရှိတယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လို ကျေးဇူးတွေရှိတယ်။ ဒါတွေကို ရှင်းပြ ပါတယ်။ ပြည်သူက ပြင်မယ်ဆိုတဲ့ သဘောထား ပေးပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက်ခံခြင်းကို အောက်တိုဘာလကုန် ခန့်တွင် အပြီး ကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာတွင် အဖွဲ့ဝင် ၁၀၉ဦးပါဝင်သော လွှတ်တော်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

ရှမ်းပြည်နယ် ၁၃ ခရိုင်တွင် ၁၀ ခရိုင်ကို ရှင်းလင်းသွားနိုင်မည်ဖြစ်ပြီး လောလောဆယ်တွင် ခရိုင်သုံးခုကို ရှင်းလင်းချပြပြီးဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ၎င်းက “လက်တွေ့ကျသည့် ပြင်ဆင်နိုင်သည့် ပြဋ္ဌာန်းချက် များကို ပြင်ဆင်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်သည့် ကိစ္စတွေ၊ ပြောင်းလဲမှု အရှိန်အ ဟုန်ကို တုံ့နှေးသွားစေနိုင်တဲ့ ပြဋ္ဌာန်းချက်များကို ပြင်မယ်”ဟု မဇိ္ဈမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ ချင်း ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူ ပြီးဖြစ်ရာ ပြင် ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေးဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာ ခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

ဆန္ဒလိုက်လံကောက်ယူရာတွင် ကွင်းဆင်းတာဝန်ယူ ကောက်ယူသူများက ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့ နယ် ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြည်သူများအား အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်ကာ သဘောဆန္ဒ ရယူခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလ၂၂ ရက်၌ ဆက်လက် ကောက်ယူ သွားမည် ဖြစ်ပြီး ကချင်ပြည်နယ်တွင်လည်း အောက်တိုဘာလ ၂၇ ရက်တွင် ကောက်ယူမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင် ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက် ၀က်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here