Monday, October 14, 2013

ရခိုင်နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မူကြောင့် ဓါးပြများ အကျအဆုံး ရှိဟုဆို

0 comments


( နိရဉ္စရာ- ၁၄ အောက်တိုဘာ) / မောင်အေး

ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဓါးပြ တစ်ဦး သေနတ်ထိမှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျန်လူများနှင့် အတူ ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းပြင် ဓါးပြများထံမှ လှေ တစ်စီး၊ လုပ်သေနတ် ၂ လက်၊ ဓါးတစ်ချောင်း၊ လှံတစ်ချောင်းတို့ကို သိမ်ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“သူတို့ လှေနဲ့ဝင်လာတဲ့ အချိန်မှာ ဒီဘက်က လုံခြုံရေးတပ်ဖွဲ့နဲ့တွေက စပစ်ခတ်တာ ဖြစ်ပါတယ်။ တစ်ဦးကျတယ်။ ဘင်္ဂလာဘက်ခြမ်းကို ထွက်ပြေးသွားတယ်။ ကျန်နေတဲ့ လှေတစ်စီးက လုပ်သေနတ် အရှည် တစ်လက်နဲ့ အတို တစ်လက် ရပါတယ်။ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဖြစ်ဖို့များပါတယ်” ဟု ဆိုသည်။

အဆိုပါ ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ နယ်မြေ ရေတင်ကျွန်းအနီးသို့အောက်တိုဘာလ ၁၂ ရက်နေ့က ၀င်ရောက်လာခဲ့သည်ဟု ဆိုသည်။

“ သူတို့က ပထမ အသုတ်လှေနဲ့ ၆ ဦးဝင်တယ်။ နောက် ၃ ဦးစီ နှစ် သုတ်ဝင်တယ်လို့ သိရတယ်။ အဲဒါ မြန်မာဘက်က သတင်းရသွားတော့ လိုက်လံ ရှင်းလင်းရာကနေ ပစ်ခတ်မူ ဖြစ်ပွားတာပါ။ ဆက်လက်ပြီး ဓါးပြတွေကို ရှာဖွေနေတုန်းပါ” ဟု ၎င်းက ဆိုသည်။

ယခုတလော နယ်စပ်တလျှောက်တွင် ဓါးပြများ သောင်းကျန်းနေသဖြင့် မြန်မာဘက်ကို ဓါးပြ ၀င်တိုက်ရန် သွားရောက်ပုံရသည်ဟု ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြစ်နားရွာကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောသည်။

စံပယ်ပင်ရင်း ကျေးရွာသား တစ်ဦးကလည်း သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း၊ ဖြစ်ပွားချိန်မှာ လွန်ခဲ့သော စနေနေ့ ညဥ့် ၁ နာရီခန့်တွင် ဖြစ်ပွားကြောင်း၊ ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့ နယ် မြောက်ပိုင်း ငခူရ အမှတ် (၅) နယ်မြေ ရေတင်းကျွန်းမူဆလင် ရွာအနီးတွ ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ကြားတာက ဓါးပြအဖွဲ့က ၅ ဦးသေတယ်လို့ ကြားရတယ်။ အရပ်သတင်းက ခုလို ထွက်နေပါတယ်။ အလောင်းတွေကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်” ဟု လက်ရှိ နယ်စပ်တွင် ဖြစ်ပေါ် နေသော သတင်းနှင့် ပတ်သက်ပြီး ၎င်းက ဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ မြန်မာ လုံခြုံရေး တပ်ဖွဲ့မှ လူ (၄) ဦးကို ဖမ်းဆီး ရမိပြီး (၂) ဦးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ရှိသော မူဆလင် ဒုက္ခသည် စခန်းမှ ဖြစ်ပြီး ကျန် (၂) ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း မောင်တောနယ်စပ်တလျှောက်တွင် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်းတစ်ကြိမ် ရေတင်ကျွန်းကျေးရွာသို့ ဓါးပြများဝင်ရောက်လာ သည်ကို ကျေးရွာသားများ ခုခံသည့်အတွက် ဓါးပြများမှ သေနတ် ၂ချက်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်သွား ကြောင်း သိရသည်။

ယင်း မတိုင်မီကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုးတောင်နှင့် ငန်းချောင်းကျေးရွားတို့ ဓါးပြတိုက်ခံခဲ့ရကြောင်း နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here