Wednesday, October 2, 2013

အင်းလေးပဲ့တင်သံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲ ကျင်းပမည်

0 comments



အင်းလေးပဲ့တင်သံအမည်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲကို ညောင်ရွှေမြို့တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။

အင်းလေးပဲ့တင်သံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲကို အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပချိန်ကာလတွင် အောက်တိုဘာ ၈ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တို့ချစ်တဲ့ကမ္ဘာ လူငယ်ကွန်ရက်မှ ကိုစိုးကပြောသည်။

အဆိုပါအနုပညာပြပွဲတွင် အင်းလေးကန် ရေဝေရေလဲနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူမှုဝန်းကျင်နှင့် စားသုံးသူကာကွယ်ရေး ပညာပေးကဏ္ဍ စသည်တို့ကို ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံ၊ Installation, Vinyl print graphic art တို့ဖြင့် ပြသသွားမည်ဟု ၎င်းကပြောကြားသည်။

“အင်းလေးကန် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို သတိထားမိပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင် အနုပညာနဲ့ပေါင်းစပ်ပြီး ပြသတာ”ဟု ကိုစိုးကပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အနုပညာပြပွဲကို တို့ချစ်တဲ့ကမ္ဘာ လူငယ်ကွန်ရက်နှင့် ညောင်ရွှေမြို့နယ် ဒေသခံများ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။

ခိုင်ခိုင်စိုး
ref: 7days news

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here