Saturday, October 19, 2013

တာချီလိတ်မြို့နယ် တော်ကော့်အပြင်ရွာ၌ မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

0 comments


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ တော်ကော့်(အပြင်)ရွာ အတွင်းရှိ နေအိမ်အခန်းငှား နှစ်ခန်း၌ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးများ နှင့် လက်နက် ခဲယမ်းများအား ၁၈.၁၀.၂၀၁၃၊ နံနက် ၉နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ တော်ကော့်(အပြင်)ရွာ အတွင်း၊ အိမ်ခန်းငှားရှိ နန်းအွေ့xxx နေထိုင်သော အခန်းနံပါတ် ၂၄ အား ၀င်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၅၈ ပြား နှင့် အိုက်စ်(ရေခဲ) ၂ ဂရမ်အား ရှာဖွေတွေ့ရှိရကြောင်း၊ ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ နဘေးရှိ အိုက်ဝန်းxxx နေထိုင်သော အခန်းနံပါတ် ၂၅ အား မသင်္ကာ၍ ၀င်ရောက်ရှာဖွေ စစ်ဆေးရာ နေအိမ်အခန်းတွင်းမှ စိတ်ကြွဆေးပြား ၁၂၀၀ ပြား၊ အိုက်စ် ၆၅ ဂရမ် အပါအ၀င် ကျည်ရိုက်တံမကောင်းသည့် ဒဿမ ၄၅ ပစ္စတိုသေနတ် အဟောင်း ၁ လက်၊ ၎င်းလက်နက်တွင် သုံးသည့် ကျည်ကဒ် ၁ခု နှင့် ၉ မမ ကျည် ၁၅၀ တောင့်တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ အခန်းအမှတ် ၂၄ တွင် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ နန်းအွေ့xxx အား မယ(ပ)၁၃၀/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊ အခန်းအမှတ် ၂၅ တွင် မူးယစ်ဆေးဝါးများ အပါအ၀င် လက်နက်ခဲယမ်းများနှင့် တွေ့ရှိရသူ အိုက်ဝန်းအား မယ(ပ)၁၃၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ) အရလည်းကောင်း တာချီလိတ်မြို့မရဲစခန်းမှ အသီးသီးအမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here