Monday, October 28, 2013

(၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကာလ တရားဝင်ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေးမည်

0 comments
28-10-2013

လာမည့်ဒီဇင်လဘာအတွင်းကျင်းပမည့်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကာလ တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ပေး သွားမည်ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသောင်း ထိုက်ကပြောသည်။
ထိုသို့ဆောင် ရွက်ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းလျက်ရှိကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည့် ကျောင်းသားကျောင်းသူများလည်းကျောင်းစာလစ်လပ်ခြင်း မရှိဘဲ ပါဝင် နိုင်ရန်၊ မြန်မာနိုင် ငံတွင် ၄၄နှစ်ကြာမှ ပြန်လည်ကျင်းပသွားမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကို ကျောင်းသားကျောင်းသူ ကလေးများအားလုံး စိတ်ဝင်တစားနှင့် အားပေး နိုင်ရန် အတွက် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အားကစားပြိုင်ပွဲဖြစ်သည့် အထိမ်းအမှတ်ဖြင့် ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ဖို့ ပညာရေးဌာနနဲ့ ညှိနှိုင်းသွားမှာပါ။ သွားရောက် အားပေးချင်တဲ့ သူတွေအတွက် ဈေးနှုန်းသက်သာစွာနဲ့ ကား၊ ရထား၊ လေကြောင်းကနေသွားလို့ ရအောင် စီစဉ်ပေးထားပါတယ်။တည်းခိုဖို့ကိုလဲအတတ်နိုင်ဆုံးအဆင်ပြေအောင်စီစဉ်ထားပါတယ်။ ကျောင်းသားကျောင်း သူတွေအတွက် လာရောက်အားပေးဖို့ အထူးအစီအစဉ်မျိုး တော့မရှိပါဘူး။ ဒါပေမယ့် အဲ့လို အစီအစဉ်တွေ ကို လုပ်ချင်တယ်လို့ ကမ်းလှမ်းလာရင်တော့ စီစဉ်ပေးသွားပါမယ်'' ဟု ဒုတိယဝန်ကြီးဦးသောင်းထိုက်ကပြောသည်။အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက် အထိ ကျင်းပ သွားမည်ဖြစ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင်အနုပညာရှင်များနှင့် တက္ကသိုလ်များ အပါအဝင် မူလတန်းကျောင်းသားကျောင်းသူ ထောင်ပေါင်းများစွာ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၄၄ နှစ်ကြာမှ ပြန်လည်ကျင်းပရသည့်အတွက် အတွေ့အကြုံပိုင်း အားနည်းမှုအနည်းငယ်ရှိကြောင်း၊ နည်းပညာအခက်အခဲ၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ချက်အနည်းငယ်ရှိသော်လည်း ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ပြိုင်ပွဲကျင်းပရန် အသင့်အနေ အထားတွင်ရှိနေပြီး ပြင်ဆင်မှုမှာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီး ကပြောသည်။

ဆီးဂိမ်းနှင့်အတူ အရှိန်ပြန်လည်ရရှိလာသော မြန်မာ့အားကစားအဆင့်အတန်းကို ဆက်လက်တိုး တက်စေရန်နှင့်ပြည်သူများ ပိုမိုစိတ်ပါဝင်စားလာရန် ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here