Thursday, October 31, 2013
မကွေး၊ တောင်တွင်းကြီးမြို့ နားရှိ ရေနံစိမ်းချက်ဖို မီးလောင်
Categories :
31.10.2013
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နှင့် (၂)မိုင်ခန့်အကွာအမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ် ၏ အရှေဘက် တောင်တွင်း - ငမင်ရွာ ကျောက်ချောလမ်း တောင်ဘက်ကိုက် (၂၀၀)ခန့် အကွာ ကိုအာကာ အသက်(၃၄)နှစ်အမှတ်(၇၁/၇၂)ကြား၊၃၈ လမ်း မဟာအောင်မြေမြို့နယ် မန္တလေးမြို့နေ သူ လုပ်ကိုင်ပိုင်ဆိုင်သောရေနံစိမ်းချက်ဖို မှ အောက်တိုဘာ(၃၀)ရက် နေ့လည် ၁၂နာရီ ၄၅မိနစ်အချိန် ခန့်တွင် မီးစတင်လောင်ကျွမ်း ၍ (၂)အချိန်ခန့်တွင်းမီးညွန့်ကျိုးခဲ့ပြီး ညနေ(၃)နာရအချိန်ခန့်တွင်
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၆)စီးရေသယ်ယာဉ်(၁) စီးလာရောက်ငြိမ်းသတ်သည်ဟုသိရ။
ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးမှာ(၁၁၆၈၀၀၀ိ/-)၊ရေနံစိမ်းပေပါ(၁၆)လုံး၊(၈၀၀)ဂါလံ၊၈ပေ×၃ပေသွပ်(၂၀) ချပ်လောင် ကျွမ်းပျက်စီး၊ တောင်တွင်းကြီးမြို့မရဲတပ်ဖွဲ့စခန်း(ပ) ၂၀၂/၂၀၁၃ ၊ ပြစ်ဆိုင်ရာ ဥပဒေ ပုဒ်မ-၂၈၅ အရ ကိုအာကာအား စခန်းမှူးဒုတိယရဲမှူး တင်မောင်ဆွေမှ ညနေ(၄)နာရီအချိန် ခန့်တွင်တရားလိုပြုလုပ်တိုင်တန်းပြီးတာဝန်မှူးဒုတိယရဲအုပ် သန်းဇော် မှအမှုစစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရ။
DVB
←
ကုမ္ပဏီ၏ မတည်ငွေနှင့် ကနေဦးထည့်ဝင်ငွေ သတ်မှတ်ချက်များကို ပယ်ပျက်လိုက်သည့်အတွက် ပြည်တွင်းစီးပွားရေးအခွင့်အလမ်းပွင့်လင်းလာမည်
Juventus 4 – 0 Catania
→
Subscribe to:
Post Comments (Atom)