Thursday, October 31, 2013

ကုမ္ပဏီ၏ မတည်ငွေနှင့် ကနေဦးထည့်ဝင်ငွေ သတ်မှတ်ချက်များကို ပယ်ပျက်လိုက်သည့်အတွက် ပြည်တွင်းစီးပွားရေးအခွင့်အလမ်းပွင့်လင်းလာမည်

0 comments
31.10.2013

မြန်မာကုမ္ပဏီများ ဖွဲ့စည်းရာတွင် မတည်ငွေရင်းနှင့် ကနေဦးဝင်ငွေ သတ်မှတ်ချက်များကို ပယ်ဖျက် လိုက်သည့် အတွက် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအခွင့်အလမ်းပွင့်လင်းလာနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်မှု၊ မတည်ငွေရင်းနှင့် ကနေဦးထည့် ၀င်ငွေသတ်မှတ်ချက်များကို ပယ်ဖျက်ကြောင်း အောက်တိုဘာ ၃၀ ရက် ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

စီးပွားရေးပညာရှင် ဦးလှမောင်က ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ရာတွင် လိုအပ်သော မတည်ငွေ သတ်မှတ်ချက်ဟူ၍ နိုင်ငံတကာတွင်လည်း သတ်မှတ်လေ့ မရှိကြောင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုလည် ပတ်မည့်သူက လုပ်မည့်စီးပွားရေးလုပ်ငန်း အမျိုးအစားအရ ငွေရင်းမည်မျှရှိသင့်သည်ကို သိပြီးသားဖြစ် ကြောင်း ဆိုသည်။

“အရင်တုန်းက မလိုအပ်တဲ့ သတ်မှတ်ချက်တွေကို လျှော့ပေးလိုက်တော့ လုပ်ငန်းကြီး ကြီးရော ၊ သေး သေးပါ အဆင်ပြေသွားတာပေါ့”ဟု ဦးလှမောင်က ပြောသည်။

အဆိုပါ သတ်မှတ်ချက်များကို ပယ်ဖျက်ပေးသည့်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ပိုမိုလုပ်သာကိုင်သာရှိလာမည် ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဖြိုးဝေရာဇာက “ခရီးသွားလုပ်ငန်းဆို အရင်က မတည်ငွေ သိန်းတစ်ထောင် (သန်း ၁၀၀) လို့ သတ်မှတ်ထားတယ်၊ ခရီးသွား လုပ်ငန်းအများ စုက Small Business တွေပါ၊ အရင်တုန်းက မတည်ငွေကို သတ်မှတ်ထားတော့ ကိုယ်တက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ဖို့ဆိုတာ မလွယ်ဘူး၊ အခုကတော့ လုပ်ငန်းတစ်ခုစလုပ်ဖို့ လွယ်ကူသွား မယ်”ဟု သုံးသပ်သည်။

ယခင်က ကုမ္ပဏီမှတ်ပုံတင်ရာတွင် ရောင်းဝယ်ရေး၊ ၀န်ဆောင်မှု၊ ခရီးသွား၊ ကျောက်မျက်လုပ်ငန်းတို့ အတွက် မတည်ငွေရင်း ကျပ်သန်း ၁၀၀ နှင့် ကနေဦး ထည့်ဝင်ငွေ ကျပ် ငါးသန်းသတ်မှတ်ထားသည်။

ဟိုတယ်လုပ်ငန်း၊ စက်မှုလက်မှုနှင့် ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက်မူ မတည်ငွေရင်း ကျပ်သန်း ၅၀၀ နှင့် ကနဦးထည့်ဝင်ငွေ ကျပ်သန်း ၅၀ အဖြစ် သတ်မှတ်ထားခဲ့သည်။

စိုင်းခွန်နောင် ဆောင်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျာဦးရန်အောင်က“ပြည်တွင်းလုပ်ငန်းရှင်တွေကို လုပ်သာကိုင်သာရှိဖို့ ဖြေလျော့ပေးလိုက်တာလို့ထင်တယ်၊ FDI တွေက အခြေခံအဆောက်အအုံတွေ၊ ရင်းနှီး မြှုပ်နှံမှု ဥပဒေတွေကြောင့် ထင်သလောက် မလာတဲ့အချိန်မှာ ပြည်တွင်းကို ဦးစားပေးပြီး လုပ်ဆောင် တယ်လို့ မြင်တယ်”ဟု သုံးသပ်သည်။

ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား၊ မတည်ငွေရင်းနှင့် ကနဦးထည့်ဝင်ငွေ သတ်မှတ်ချက်များအား အောက်တိုဘာလ ၁၇ တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ပယ်ဖျက်ခဲ့သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here