Wednesday, October 2, 2013

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း လူ့အခွင့်အရေးအစီရင်ခံစာ အင်ဒိုနီးရှားတွင် ထုတ်ပြန်မည်

0 comments
2.10.2013

မြန်မာနိုင်ငံရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အပါအဝင် အခြားအာဆီယံ ဒေသတွင်း နိုင်ငံများ၏ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ရပ်များကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာ တစ်စောင်ကို ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကြေညာသွားမည် ဖြစ်ကြောင်း ယင်းအစီရင်ခံစာ ထုတ်ဝေသည့် ထိုင်းအခြေစိုက် Forum-Asia အဖွဲ့မှသိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ထုတ်ပြန်မည့် Forum- Asia အစီရင်ခံစာ “Corporate Accountability in ASEAN: A Human Rights Based Approach” သည် အာဆီယံဒေသ တွင်း နိုင်ငံများတွင် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များ၏ တာဝန်ယူမှု လုပ်ငန်းများကို လေ့လာ သုံးသပ်ထားသည်။

"ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် တွေကြောင့် ထိခိုက်ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထင်ဟင်တယ်" ဟု Forum-Asia ၏ အုပ်ချုပ်ရေး ဒါရိုက်တာ Mr.Evelyn Serrano က ပြောကြားသည်။

ယင်းအစီရင်ခံစာတွင် ဒေသတွင်း နိုင်ငံများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြံပြုချက်များ၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ ဆောင်ရွက်သင့်သော နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း များသာမက ပြည်သူလူထုကို သတင်း အချက်အလက်များ ချပြခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်ဆိုင်နေ ရသည့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ပြစ်မှုများဖြင့် စွပ်စွဲခြင်းများမှ ရပ်တန့်ခြင်း တို့လည်း ပါဝင်ကြောင်း Forum-Asia အဖွဲ့က ထုတ်ပြန်ထားသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ လုံခြုံရေး၊ အလုပ်သမား ဆိုင်ရာ ဥပဒေများနှင့် တာဝန်ယူမှု အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း၊ ယင်း ချိုးဖောက်မှုများကို ဒေသခံများနှင့် အလုပ်သမားများ ငြိမ်သက်နေခြင်းကြောင့် နစ်နာကြေးရရှိ မှုများ ထိခိုက်နိုင်ကြောင်း အဆိုပါအစီရင် ခံစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် သဘာဝဓာတ်ငွေ့ စီမံကိန်းရှိ ဒေသခံများ လက်ခံနိုင်သော စံချိန်စံညွှန်းများ မချနိုင်သရွေ့ စီမံကိန်း အကောင်အထည် ဖော်မှုများ ရပ်တန့်ရန် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားသူများက ထုတ်ပြန်ထား သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here