Sunday, October 20, 2013

အလိုကြီး၍ - အရနည်းသော ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး

0 comments



မော်လမြိုင်ကျွန်းမြို့မှ ဘိုကလေး-မြင်းကကုန်းရန်ကုန် သို့တစ်နေ့လျှင် ရန်ကုန်သို့အ၀င် ၃စီး ရန်ကုန်မှ အထွက်-၃စီး ပုဂ္ဂလိကသင်္ဘောများပြေးဆွဲလျက်ရှိပြီး၊ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှလည်း၂-ထပ် ခွဲသင်္ဘောတစ်စီးပြေးဆွဲလျက်ရှိ ကြောင်းသိရသည်။ပုဂ္ဂလိကသင်္ဘောများဖြစ် သော-ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောများဘိုကလေးဆိပ်ခံ ဘောတွင်ယခင်ကတစ်ကြိမ်ကပ် လျှင်-၈၀၀၀ိ/ပေးရ သလို ရွှေ ပြည်တန် သင်္ဘောတစ်ကြိမ်ကပ် လျှင် ၃၀၀၀ိ/ပေးရကြောင်းပြည် တွင်းရေးကြောင်းပို့ဆောင်ရေးရုံး မှထုတ်ပြန်သော စာအရသိရသည်။

အောက်တိုဘာ ၁၁ ရက် နေ့ရက်စွဲဖြင့်ဘိုကလေးဆိပ်ခံ ဘောသို့ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောများ တစ်ကြိမ်ကပ်လျှင်- ၂၅၀၀၀ိ/ မြင်းကကုန်းဆိပ်ခံ ဘောသို့ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောတစ်ကြိမ် ကပ်လျှင် ၂၀၀၀၀ိ/ ရွှေပြည်တန်ရှပ်ပြေး သင်္ဘောသည်-ဘိုကလေးနှင့်မြင်း ကကုန်းဆိပ်ခံဘောသို့ တစ်ကြိမ် ကပ်လျှင်-၇၀၀၀ိ/ဟုတိုးမြှင့် သတ်မှတ်လိုက်သောကြောင်ပြင် ဆင်တိုးကောက်သောငွေ အားမ ပေးနိုင်၍မကပ်ရကြောင်းရှပ်ပြေးသင်္ဘောတာဝန်ရှိသူတစ်ဦးမှပြော ပြပါသည်။ဘိုကလေးရေကြောင်းပို့ ဆောင်ရေးရုံးမှတာဝန်ရှိသူတစ်ဦး ကရန်ကုန်ရုံးမှဆိပ်ခံဘောကပ်ခ တိုးကောက်သောငွေ များသော ကြောင့်မကပ်ခြင်းသာဖြစ်ပြီး၎င်းင်း တို့ကဆိပ်ခံဘော မကပ်နဲ့ဟုမပြော ကြောင်းပြောပြပါသည်။ ရှပ်ပြေး သင်္ဘောစီးသောခရီးသည်များမှာ  ယခုလိုဖြစ်ရသည့်အတွက်သင်္ဘော အတက်အဆင်းဒုက္ခရောက်ရ ကြောင်းသင့်တင့်သောငွေကြေး သာကောက်သင့်ကြောင်းဘိုကလေး မြို့မှခရီးသည်တစ်ဦးမှပြောပါ သည်။

မြင်းကကုန်းဆိပ်ခံဘောကပ် ခတိုးကောက်ခြင်းကြောင့်မြင်းက ကုန်းအုပ်ချုပ်ရေးမှူးနှင့် ဆိပ်ကမ်း ကော်မတီ အတွင်းရေးမှူးတို့လက် မှတ်ထိုးပြီးရေကြောင်း ပို့ဆောင် ရေး-ရန်ကုန်ရုံးသို့ လိပ်မှု၍ဆိပ်ခံ ဘောကပ်ခတိုးကောက်ခြင်းအား မပြုလုပ်သင့်ကြောင်းယခင် ကောက်ခံသည့်နှုံး ထားသာ ကောက်ခံရန်စာအား အောက်တို ဘာ ၁၅ ရက်စွဲဖြင့်ပေးပို့လိုက် ကြောင်းသိရသည်။
မြင်းကကုန်းစတိုးဆိုင်ပိုင်ရှင် တစ်ဦးက၎င်းသင်္ဘောဆိပ်သည် လွန်ခဲ့သောနှစ် ၇၀ခန့်ကပုဂ္ဂလိက သင်္ဘောဆိပ်ဖြစ်ကြောင်း၊ ရေ ကြောင်းပို့ဆောင်ရေးဆိပ်သည် ဈေးပိုင်းတွင်ရှိကြောင်း၊ပို့ဆောင် ရေးဆိပ်နှင့်ပုဂ္ဂလိကသင်္ဘောဆိပ် ၂ခု ခွဲသင့်ကြောင်း၊ ယခုလိုဖြစ်ရ ခြင်းကြောင့်ရေကြောင်းပို့ဆောင် ရေးအနေနှင့်ဝင်ငွေမရရှိဘဲ အလို ကြီး၍အရနည်းခြင်းသာခံစားရ ကြောင်း၊၎င်းတို့နှစ်ဦးနှစ်ဖက် အဆင်မပြေမှုကြောင့်ပြည်သူအများ သွားရေးလာရေးဒုက္ခမရောက်စေ ခြင်းကြောင်း Hot Newsသို့ပြော ပါသည်။  

အရိန္ဒမာ(ဘိုကလေး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here