Sunday, October 20, 2013

ဗုံးဖောက်ခွဲမှုများမှ ဖမ်းမိထားသူများကို KNU ဖက်မှလည်း စစ်ဆေးကာအစိုးရနှင့် ပူးပေါင်းဖော်ထုတ်မည်

0 comments


ရန်ကုန်၊မန္တလေး၊ ဖြူး၊ တောင်ငူ၊ စစ်ကိုင်းတို့တွင် အောက်တိုဘာလအတွင်းဗုံးပေါက်ကွဲမှု ဗုံးတွေ့ရှိမှု များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများကအောက်တိုဘာ(၁၈) ရက် ညနေ (၃)နာရီအချိန်တွင် စာနယ်ဇင်းရှင်းလင်းပွဲကိုကျင်းပခဲ့သည်။ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က “ကျွန်တော်တို့ဒီစာနယ်ဇင်းရှင်းလင်းပွဲမှာ ဗုံးကွဲးမှုနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအချို့များရဲ့ အမည်ကို ထဲ့သွင်း တင်ပြသွားမှာမဟုတ်ပါဘူး ဒီလိုထဲ့သွင်းသံသယ ရှိသူများလုပ်ဆောင်ချက် ရှင်းလင်းစွာ သိရှိနိုင်ရေး အတွက်ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းအမည်များကို ရည်ညွှန်း ထည့်သွင်းပြော ကြားခြင်းကြောင့် အဲဒိအဖွဲ့အစည်းအနေနဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာမဟုတ်ကြောင်းအလေး အနက်ပြောကြားလိုပါတယ်။ သံသယရှိသူများရဲ့ လုပ်ဆောင်ချက်ဟာ လူတစ်စုရဲ့ လုပ်ဆောင်ချက် များသာဖြစ်ကြောင်းပြောကြားလိုပါတယ်”ဟု ထဲ့သွင်းပြောကြားသွားသည်။ ရဲချုပ်ဦး ဇော်ဝင်းကပေါက်ကွဲမှု (၆) ကြိမ် မိုင်းရှင်းလင်းရေး (၄) ကြိမ် ပေါင်း (၁၀) ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံး သူနှစ်ဦးရှိခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်”ဟုပြောသည်။  ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စောမြင့်လွင် ဆိုသူအပါအ၀င် အပေါင်းအပါရှစ်ဦးကို ထိန်းသိမ်းနိုင်ပြီးဖြစ်ကြောင်းသိရသည်။ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ KNUစီးပွားရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော နေတိုးဆိုသူက စီစဉ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်ပွဲက သိရသည်။ ယင်းကိစ္စအပေါ် KNU ဖက်မှ တာဝန်ရှိသူတစ်ဦး လာရောက်စစ်ဆေးနေပြီး အစိုးရနှင့် ပူးပေါင်းဖော်ထုတ် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

Hot News Journals

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here