Saturday, October 12, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဇနီး တို့ ဘရူနိုင်း နိုင်ငံမှ ပြန်လည် ရောက်ရှိ

0 comments


12/10/2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ယနေ့ ဒေသ စံတော် ချိန် နံနက် ၉ နာရီ ခွဲ တွင် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန် မြို့ ရှိ ခေတ္တ တည်းခို သည့် အစိုးရ ဧည့်ဂေဟာ ၌ ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြား မှ မြန်မာ နိုင်ငံ ဌာန ခွဲ အကြီးအကဲ Mr.Jun Kobayashi အား လက် ခံ တွေ့ဆုံပြီး တွေ့ဆုံ မေးမြန်းခန်း အဖြစ် မေးမြန်း ချက် များ ကို ပြန်လည် ရှင်းလင်း ဖြေကြား သည်။

ဆက်လက် ၍ ဂျပန် နိုင်ငံ အဆာဟိ ရှင်ဘွန်း မှ အာရှ ဒေသ အကြီးအကဲ Mr. Ono နှင့် ရန်ကုန် ဌာနခွဲ မှ သ တင်းထောက် Mr.Igarashi တို့၏ တွေ့ဆုံ မေးမြန်းမှု နှင့် ပြည်တွင်း မီဒီယာ ဖြစ်သည့် Myanmar International TV ၏ တွေ့ဆုံ မေးမြန်းမှု များ ကိုလည်း ပြန်လည် ဖြေကြား ခဲ့ သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် အဖွဲ့ သည် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီ တွင် ဘန်ဒါဆရီ ဘီဂါဝန် မြို့မှ အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း အထူး လေယာဉ် ဖြင့် ပြန်လည် ထွက်ခွာ လာရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တွင် နေပြည်တော် သို့ ပြန်လည် ရောက်ရှိ ကြသည်။

နိုင်ငံတော် သမ္မတ နှင့် အဖွဲ့အား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ဝန်ကြီး များ နှင့် ဇနီးများ၊ တိုင်းမှူး၊ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms. Syamim Nabilah Daud နှင့် တာဝန် ရှိသူများ က နေပြည်တော် လေဆိပ် ၌ ကြိုဆို နှုတ်ဆက် ခဲ့ကြ သည်။

နိုင်ငံတော်သမ္မတရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here