Wednesday, October 2, 2013

စက်မှုဇုန်များ ရာသီမရွေး အချိန်ပြည့် မီးရရှိရေး သမ္မတလမ်းညွှန်

0 comments


2.10.2013

စက်မှုဇုန်များကို တစ်နှစ်ပတ်လုံး မီးရရှိအောင် လုပ်ဆောင်ပေးရန် နိုင်ငံ တော် သမ္မတက လမ်းညွှန်လိုက်ကြောင်း သိရသည်။ ”စက်မှုဇုန်တွေကို လျှပ်စစ်ပေးနိုင် အောင် လုပ်ပါဆိုပြီး လမ်းညွှန်တယ်။ အစိုးရရယ်။ လျှပ်စစ်နားလည်တဲ့ သူ တွေရယ်၊ ရင်းနှီးမြှုပ်နှံမယ့် သူတွေရယ် ပေါင်းပြီး ထုတ်ပါဆိုပြီး လမ်းညွှန်ထား တယ်” ဟု နေပြည်ေ တာ် ၌ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် ယခုလ နောက်ဆုံး ပတ်တွင် သွားရောက်တွေ့ဆုံခဲ့သည့် လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌက ပြော သည်။ ထို သို့ တွေ့ ဆုံရာ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအပြင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်ရာတွင် ကိုယ်ပိုင် ရင်း နှီးမြှုပ်နှံရန်လည်း လမ်းညွှန်လိုက် ကြောင်း ၎င်းက ပြောသည်။
”စက်မှုဇုန်အစည်းအဝေးခေါ် မယ်။ ရှယ်ယာခေါ်မယ်”ဟု ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ နွေရာသီသို့ ရောက်လျှင် စက်မှု လုပ်ငန်းများကို လျှပ်စစ်မီးအကန့်အ သတ်ဖြင့်သာ ပေးဝေနိုင်သောကြောင့် လုပ်ငန်းထိခိုက်မှုများ ရှိခဲ့သည်။ ထို့ ကြောင့် လုပ်ငန်းရှင်များသည် ကိုယ်ပိုင် လျှပ်စစ်ထုတ် လုပ်မှု လုပ်ဆောင်ရန် ယ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်စီစဉ်လာ ခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန်အတွက် နိုင်ငံခြား ကုမ္ပဏီများမှ လာေ ရာက် ကမ်းလှမ်းခဲ့ကြကြောင်း သိရသည်။ ဇွန်လအတွင်းကလည်း စင်ကာပူ နှင့် တရုတ်(တိုင်ပေ)မှ လုပ်ငန်းရှင်များ က ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ် အား ထုတ် လုပ်သော စက်ရုံတည် ဆောက်ရန် လာရောက်ကမ်းလှမ်းခဲ့ ကြောင်းသိရသည်။

မေဇင်ဝင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here