Tuesday, October 1, 2013

"ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူသို့ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ"

0 comments


မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြားနေကျ
ဖြစ်တဲ့အတိုင်း ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ယခင်လကအထူးပြုပြောကြားခဲ့
တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး
တည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ဦးစားပေးပြောကြားသွားမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံ
ရေး၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှုများဟာလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များနဲ့ အခြေခံကျကျ ဆက်နွှယ်
နေတဲ့အတွက် ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်
နဲ့ သဘောထားတွေကို ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက်ကြိုးပမ်းခဲ့ကြပါတယ်။ လုပ်ဆောင်မှုပုံစံနှင့်
စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းကအဆုံးအဖြတ်ပေးတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ သေချာတဲ့
အရှိတရားတစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့
ခိုင်မာ၍ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတာပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံ
ရေးအရှိတရားပဲဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်တွေ့သင်ခန်းစာတွေက ညွှန်ပြနေတဲ့အချက်တစ်ခုကတော့ တိုင်းရင်းသား
များအားလုံးပါဝင်တဲ့ ခိုင်မာ၍ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်
အခတ်ရပ်စဲရေးတစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင်ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ပြဿနာတွေကို နိုင်ငံ
ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီးငြိမ်းချမ်းရေးတည်ဆောက်မှု
အောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်
ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။

ကျွန်တော်တို့အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာကျွန်တော့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့
အစည်းအားလုံးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များမပါဘဲ စိတ်ရင်းစေတနာ
သန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း
အားလုံးက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ပါတယ်။

လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်
အသီးသီးရဲ့ မှန်ကန်တဲ့စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီး
ယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
တွေကို အဆင့်ဆင့် အောင်မြင်စွာရေးထိုးနိုင်ခဲ့သည့်တိုင် မလွှဲမရှောင်နိုင်ခဲ့တဲ့ ထိတွေ့မှုများဖြစ်ပွားခြင်းများရှိသလို
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း အဆင့်ဆင့်ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာကို
ရှောင်လွှဲနိုင်ခဲ့တဲ့ သာဓကများရှိတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ တိုက်ပွဲကြီး/ငယ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင်
ပဋိပက္ခတွေကိုလည်း ဆွေးနွေးညှိနှိုင်းမှုနည်းလမ်းများနဲ့ စစ်ရှိန်လျှော့ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီသာဓကတွေကို
ကြည့်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ပါဝင်
ပတ်သက်သူအားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ဆန္ဒရှိကြတယ်ဆိုတဲ့ အချက်ရယ်၊ လက်တွေ့အကောင်အထည်
ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကို အခြေခံပြီး ညှိနှိုင်းမှုများကို ဇွဲသန်သန်ဖြင့် လုပ်ဆောင်
နိုင်ခဲ့တယ်ဆိုတဲ့ အချက်နှစ်ချက်ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်ပေါင်းများစွာရှိနေတဲ့ကြားက ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်
အတွက် ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုများကို ချိန်ထိုးကြည့်မယ်ဆိုရင်
တစ်ဖက်ကရှိနေတဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက များစွာကျော်လွန်တဲ့
အတွက် ကျွန်တော်တို့နဲ့ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်များကိုလည်း
ကောင်း၊ တပ်မတော်ကိုလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုလည်းကောင်း ချီးကျူး
ဂုဏ်ပြုရမှာဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံးရလဒ်ကတော့ မိမိတို့
သဘောအလျောက် ပြည်ထောင်စုအတွင်းပါဝင်ခြင်းဆိုတဲ့ အခြေခံမူကိုထင်ဟပ်စေတဲ့ ပြည်ထောင်စုမှ ခွဲထွက်ခြင်း
မပြုဆိုတဲ့သဘောထားရပ်တည်ချက်များကို တိုင်းရင်းသားများအားလုံးက အခိုင်အမာဆုပ်ကိုင်ထားမှုပဲဖြစ်ပါတယ်။

အထက်ပါဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် တစ်ပြည်လုံးအတိုင်း
အတာအကျုံးဝင်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီကာလများမှာ ရေးထိုးရန်စီစဉ်
ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု
အဆင့် သဘောတူညီချက်များရေးထိုးစဉ်က တောင်းဆိုထားတဲ့အချက်ကို အကောင်အထည်ဖော်ဖို့အတွက်ဖြစ်ပါ
တယ်။ အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းဖြင့် ရပ်တန့်ရန်ကြိုးပမ်းမှု
မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများကို အခြေခံ
ဇာစ်မြစ်များမှ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုနိုင်ရန်ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ရရှိစေဖို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်
ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်(ဏသူငအငခေီူငေူသါကန င်္မောနတသမု)များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်
သွားမှာဖြစ်ပါတယ်၊ မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ၊
လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆင့်ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှုရရှိအောင်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များသဘောတူညီချက်ရရှိပြီးတာနဲ့ နိုင်ငံရေး
ဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ
တစ်ရပ်ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများ၊ အမျိုးသား
အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပခြင်းနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့
မည်ပုံ ကျင်းပမယ်၊ အချိန်ကာလမည်မျှ သတ်မှတ်ထားရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မယ်၊ ဘယ်လို
ကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်းမှုများအပေါ်အခြေခံ၍ ကျွန်တော့်
အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးကို အလျဉ်းသင့်သလိုတင်ပြသွားမှာလည်း ဖြစ်ပါတယ်။

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထားနဲ့ရပ်တည်ချက်
ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့
ခိုင်မြဲရေးဆိုသည့် အချက်များကို အခြေခံမူများအဖြစ်ခံယူပြီး အပြုသဘောဆောင်သည့် နိုင်ငံတည်ဆောက်ရေး၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးခိုင်မာစေရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုများအားလုံးကို တံခါးဖွင့်
ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ကျွန်တော့်အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလလယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး
ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ရှင်သန်ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အစဉ်ရှေးရှုလုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ထူးခြားမှုတစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊
မန္တေ လး၊ မောလ် မြိုင၊် မြစ်ြကီး နား အစရတှိြဲ့မို့ကြီး တေမွှာ ငြမိး ချမ်း ရေးပွေဲ တာေ် တကွို ပြညသ် လူ ထူ ရု့ဲ အသ၊ံ ဆန္ဒေ တကွို
ထင်ဟပ်ပြီး ဝိုင်းဝန်းကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒ၊ အထူးသဖြင့်
တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကနေ
ပေါက်ဖွားလာတဲ့ တက်ြ<ွကလှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။
ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှုရရှိမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်
ဆောင်ရွက်လာခဲ့တာမှာ ဒီမိုကရေစီနဲ့ခွဲခြားလိုမရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစားအကောင်အထည်ဖော်
ပေးခဲ့တာကို မိဘပြည်သူများအသိပင်ဖြစ်ပါတယ်။

လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကိုလည်း
အရှေ့တောင်အာရှနိုင်ငံအတော်များများထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
လွတ်လပ်ခွင့်ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်းပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို
ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို မျိုးစေ့ချဆောင်ရွက်
နေတဲ့အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး
တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကိုရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။
ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ
ကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန်အခါမျိုးမှာ မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊
မီဒီယာစည်းကမ်းနဲ့မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း
ဆောင်ရွက်ကြဖို့ လိုပါတယ်။

ကျွန်တော့်အနေနဲ့ ထပ်မံပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆောင်ရွက်
အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးများနဲ့ ပတ်သက်ပါတယ်။
ကျွနေ် တာတ် အို့ စိးု ရအဖွဲ့ တာဝနယ် မူ ယ့် ကျနရ် တှိ အဲ့ ချနိေ် တမွှာ ပြညသ် ဗူ ဟြိုပု ဖွံ့ ဖြိုးတိးုတကေ် ရးလပု င် န်း များကို
ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊
အင်အားတွေနဲ့ အစိုးရရဲ့လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်း
ထားတဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတွေကို ပြုပြင်
ပြောင်းလဲရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက ပြည်နယ်/တိုင်းဒေသကြီးအားလုံးကို ကွင်းဆင်း
သွားရောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သလို ပြည်သူလူထုရဲ့ နေ့စဉ်
ဘဝဆိုင်ရာ လက်တွေ့သတင်းအချက်အလက်တွေကို ရယူခဲ့ပါတယ်။ ဒီအချက်အလက်တွေအပေါ် အခြေခံပြီးနောက်
ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတဲ့အခါမှာ ပြည်သူတွေရဲ့ လက်တွေ့လိုအပ်ချက်၊ နိုင်ငံရဲ့လိုအပ်ချက်နဲ့ အမှန်
တကယ်ကိုက်ညီစေမယ့် ဘတ်ဂျက်ကိုရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပါဝင်တာနဲ့
အမျှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာမှာဖြစ်တဲ့အတွက် ဒီဖွဲ့စည်းထားတဲ့
ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြုတိုက်တွန်းကြဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ်။

ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြစ်ထွန်းတိုးတက်မှုများ၊ သဘောထားရပ်တည်ချက်
များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့အတွက် အားရကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို
စိုးရိမ်စိတ်တွေ၊သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက်တဲ့ရှင်းလင်းမှုတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ပတ်သက်လို့ ရှေ့မှာပြောကြားခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူအသီးသီးရဲ့ စိတ်ရင်း
စေတနာကို အခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊
နိုင်ငံရေးအင်အားစုအသီးသီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး၊ ဘာသာရေးအသင်း
အဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်မှသာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေးအင်အားစု
တစ်ရပ် တည်ဆောက်နိုင်မယ်ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး
ရရှိနိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တာဝန်ယူထားတဲ့ သက်တမ်းအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိ
အောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာအောင် နောင်အနာဂတ်မျိုးဆက်တွေအတွက်ပါ
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်
မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here