Wednesday, October 16, 2013

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်နစ်မြုပ်

0 comments
၁၃-၁၀-၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ရွာအနီး၊ ချင်းတွင်းမြစ်အတွင်း၌ ရေယာဉ်(၁)စီးတိမ်းမှောက်ကြောင်းသတင်းအရ ယင်းမာပင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ချင်းတွင်းမြစ် အတိုင်း မုံရွာမှနန့်တောသို့ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာနေ ဦးမြသိန်း(၄၄)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ညွန့်ညွန့်ရီလိုက်ပါလာသော ကုန်မျိုးစုံပိဿာချိန်(၂၀၀၀၀)ခန့် တင်ဆောင် လာသည့် ရေယာဉ်အမှတ်၊ ရညန/စကရ-၁၀၇ ““သန်းကြွယ်စိုး””ကုန်တင်ရေယာဉ်သည် ပဲ့ပိုင်းမှရေများ ၀င်ရောက်မှုကြောင့်နစ်မြုပ်ခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်မှုကြောင့် ရေယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ကုန်မျိုးစုံပိဿာချိန်(၂၀၀၀၀)၊ တန်ဘိုးငွေကျပ်သိန်း(၃၀)ခန့်ဆုံးရှုံး ခဲ့ကြောင်း သိရှိရသဖြင့် ရေယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးမြသိန်းအား ယင်းမာပင်မြို့မရဲစခန်း (ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here