Thursday, October 10, 2013

ကိုယ်ဝန်ရှိလို့ ရှိမှန်းမသိဘဲ မွေးဖွားချိန်မှ သိသူ

0 comments

ဗြိတိန်နိုင်ငံတွင် အသက်(၂၂)နှစ်အရွယ် Nadia ဟုခေါ်သည့် မိန်းကလေးဟာ ကိုယ်အလေးချိန် မဆိုစလောက်လေး တက်လာတာကလွဲ၍ ကိုယ်ဝန်ဆောင်မိခင်များ ခံစားရလေ့ရှိသည့် လက္ခဏာရပ်များ လုံးဝမခံစားခဲ့ရသောကြောင့် မိမိကိုယ်မိမိ ကိုယ်ဝန်ရှိနေခဲ့မှန်းမသိဘဲ သားဖွားချင်လို့ ဗိုက်နာတာကို ရာသီသွေးပေါ်ချိန် ဗိုက်နာတယ်အထင်နဲ့ ရေချိုးခန်းအသွား နာကျင်မှုကြောင့် လဲကျရင်း (၇)ပေါင် (၁၁)အောင်စရှိသည့် သမီးလေးအား တစ်ယောက်တည်း အကူမပါ မွေးဖွားခဲ့သည်ဟု သိရသည်။


သူမ၏အဆိုအရ သူမဟာ ရာသီသွေး လစဉ်ပေါ်ခဲ့ပြီး မိမိကိုယ်မိမိ ကိုယ်ဝန်ရှိမှန်း တကယ် မသိခဲ့ကြောင်း ၊ ထို့ကြောင့်လည်း အလုပ်နှစ်ခုကို လုပ်ကိုင်နေခဲ့သူ ဖြစ်ကြောင်း ၊ ရာသီသွေးပေါ်လို့ ဗိုက်နာသည်အထင်နှင့် ရေချိုးခန်းအသွား ဗိုက်နာလွန်း၍ ရေချိုးခန်းထဲ လဲကျသွားပြီး အဆက်မပြတ်နာကျင်မှုကြောင့် ကလေးမွေးချင်လို့ နာမှန်း သူမကိုယ်သူသိ၍ သူမဘာသာ ကလေးမွေးဖွားသည်အထိ တစ်နာရီကျော်ကြာအောင် မွေးဖွားခဲ့ရကြောင်း ၊ သူမ ထိုကဲ့သို့ ဗိုက်နာပြီး အော်ဟစ် ကလေးညှစ်နေချိန်တွင် သူမ၏ အတူနေရည်းစား (သူမကလေးအဖေ)ဖြစ်သည့် Lewis မှာ ရေချိုးခန်းတဖက်က အိပ်ခန်းထဲတွင် အိပ်မောကျနေခဲ့ကြောင်း သိရသည်။


ညဘက် အလုပ်တာဝန်ပြီးဆုံးပြီး အိပ်မောကျနေခဲသော Lewis က ၎င်း၏ချစ်သူ ဗိုက်နာလွန်းလို့ အော်ဟစ် ကလေးမွေးဖွားနေခဲ့တာကို သူတကယ်ပင်မသိဘဲ အိပ်ပျော်နေခဲ့တာဖြစ်ကြောင်း ၊ Nadia က ချက်ကြိုးမဖြတ်ရသေးသော ကလေးကိုချီ၍ ငါတို့သမီးလေး မွေးပြီလို့ သူ့ကိုနှိုးပြောတာကို အိပ်မက်ဟုထင်၍ ပြန်အိပ်ခဲ့နေခဲ့တာဖြစ်ကြောင်း ဆိုခဲ့သည်။

Lewis သည် ၎င်းအိပ်ပျော်နေပါက နေအိမ်အတွင်း မီးသတ်အချက်ပေးမြည်တာကိုပင် မသိတဲ့အထိ အိပ်တတ်သူဖြစ်ကြောင်းလည်း သိရသည်။ ဗိုက်နာလွန်း၍ အော်ဟစ်နေသော Nadia က တဖက်ခန်းတွင် အိပ်ပျော်နေသည့် သူမချစ်သူ Lewis အား မနှိုးနိုင်ခဲ့ပေမယ့် အိမ်နီးနားချင်းများက Nadia ရဲ့ အချိန်ကြာကြာ အော်ဟစ်နေသံကြောင့် အရေးပေါ်ဖုန်းနံပါတ်သို့ ဖုန်းခေါ်ဆိုခဲ့ကြသည့်အတွက် ရဲကားနှစ်စီးနှင့် ဆေးရုံကားတစ်စီးဟာ သူမမွေးဖွားပြီးချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့တုန်းက မွေးဖွားခဲ့သည့် ကလေးမို့ ၎င်းတို့၏ Poppy ဟု အမည်ပေးထားခဲ့ကြောင်း ၊ Poppy ၏ ချက်ကြိုးကိုမူ ဆေးရုံက ဆေးဝန်ထမ်းတွေ ရောက်လာမှ ဖြတ်နိုင်ခဲ့ပြီး သူမရော ၊ ကလေးပါ ဆေးရုံသို့ သွားခဲ့ကြရတာဖြစ်ကြောင်း သိရသည်။

Nadia က မွေးဖွားချိန် တစ်နာရီ (သို့မဟုတ်) နှစ်ရာရီ အချိန်အတွင်း မွေးဖွားခဲ့သည့် Poppy လေး၏ မွေးဖွားချိန် အတိအကျအား မသိခဲ့သည့်အတွက်တော့ ဝမ်းနည်းသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ပုံရိပ်(burmesehearts.com)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here